အချိန်အကြာကြီး တိတ်ဆိတ်နေတဲ့ သူတို့ ၃ဦး။
Waiter လာချပေးတဲ့ မုန့်နဲ့ကော်ဖီကို စားနေရင်း တစ်ယောက်နဲ့ တစ်ယောက် ခိုးကြည့်မိကြသည်။

"အဟမ်း ''

မိမိထံစုလာသည့် မျက်ဝန်းပိုင်ရှင်နှစ်ဦးကြောင့် ချောင်းကို ဟန့်ကာ စကားစသူက Jason ။

"ဟို  ငါလေ Lucas ကိုရွေးချယ်လိုက်တယ် Noah ''

"......''

Noah ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
Lucas ကို ကြည့်လိုက်တော့ အေးဆေးစွာပင် ကိတ်မုန့်ကို ဇွန့်နဲ့ဖဲ့ကာ အရသာခံစားသောက်နေသည်။

" တောင်းပန်ပါတယ် Noah... မင်း ငါ့ထက်အရာရာ သာပြီးတော်တဲ့ထက်မြက်တဲ့ လက်တွဲဖော်ကို ရှာပါ Lucas ကို ငါ ချစ်သူအဖြစ် လက်ခံလိုက်ပြီ''

"Jason ''

Noah ကနူးညံ့စွာ ခေါ်ပြီး ဆက်ပြောပြန်သည်။ သူ့ရဲ့ မျက်နှာကအပြုံးလေးက သေးသေးလေး ။

"မင်း ကိုယ့်အချစ်တွေကို အထင်သေးလွန်းတယ် ကိုယ်ကမင်းကိုပဲ ချစ်တာ ''

"တောင်းပန်ပါတယ် Noah တောင်းပန်ပါတယ် ''

Noah က ကြေကွဲစွာ ပြုံးသည်။ သူ့ရဲ့ မျက်ရည်လေးက မျက်ဝန်းအိမ်ထဲက နေပါးပြင်တစ်လျှောက်စီးကျလာသည်။

Noah သည် သူ့ချစ်သူ၏ ပုံရိပ်ဖြစ်နေတာကြောင့် Jason အပေါ်မှာ အလွန်တွယ်တာသည် ချစ်သည် ဆိုတဲ့အကြောင်းကို ရှောင်းကျန့်ခံစားမိသည်။

"တောင်းပန်ပါတယ် Noah ''

"ရပါတယ် Jason ကိုယ်သွားပြီ ''

Noah က Jason ကို ကြည့်လိုက်ပြီး ပြုံးကာ ထွက်သွားဖို့လုပ်သည်။

"ဘာပြောမလို့လဲ Jason ''

ထွက်သွားတော့မည့် Noah လက်ကို ဆွဲလိုက်ချိန် မျက်ရည်ဝိုင်းနေသော မျက်ဝန်းတွေ နဲ့ သူက လှည့်ကြည့်ပြီး မေးလာသည် ။

ရှောင်းကျန့်က ခေါင်းခါပြလိုက်သည်။
Noah ကိုဖက်လိုက်ပြီး ရင်ခွင်ထဲ တိုးဝင်ကာ မျက်ရည်ကျရသည် ။
ပုံရိပ်ယောင်လေးတစ်ခုကိုတောင်မှ သူ့မှာ နှလုံးသားကွဲမတတ် ခံစားနေရသည်။
Lucas ကိုလည်း သူခဏမေ့ထားလိုက်ပြီး
Noah ၏ နူတ်ခမ်းကို ဖျက်ခနဲ နမ်းလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now