117

233 21 0
                                    

ဘာကိုမှ မကြည့်ဘဲ တစ်ဆုံးပြေးထွက်ခဲ့တယ်
နင့်ကြောင့်လေ ဆိုတဲ့အပြစ်တင်သံတွေ
ငါ့နားနဲ့တောင် မဆန့်ဘူး ။

လွတ်လပ်သွားပြီလေ ... သိလား
တိုက်စွန်းရဲ့ အ‌ပြင်ဘက်ကို ခြေဆန့်ကြည့်လိုက်တော့
ငါ့နားမှာ ငှက်တွေဝဲပြန်ကုန်တယ်။

နင့်ကြောင့်လေ ဆိုတဲ့အသံတွေတိတ်သွားတာ
ငါသတိထားလိုက်မိတယ်။
တချို့ကျ ငိုတယ်
တချို့ကျ မျက်ရည်တွေအတင်းညှစ်ထုတ်နေကြတယ်
တချို့ကျ ဝမ်းသာတဲ့မျက်လုံးတွေနဲ့။
ငါကတော့ နင်တို့သောက်ကျင့်သိတယ် ဆိုတဲ့အထာနဲ့
ဝှေ့ပတ်ကြည့်နေတာပေါ့။

အိမ်ထဲမှာ အနက်ရောင်လိပ်ပြာလေးဝဲနေတယ်
လူတွေက အဲ့အကောင်ကို ငါလို့ထင်နေကြတယ်။
တကယ်တမ်းကျ ငါမဟုတ်ဘူး
ငါကဟိုချောင်မှာငြိမ်နေတဲ့ ကြောင်နက်လေး။

ထုံးစံအတိုင်းပဲ
သူတို့က ငါ့စကားဆို အဖက်မလုပ်ကြဘူး။
ငါက ချက်ချင်းတံတားကိုဖြတ်ချင်တာ
၇ ရက်ကိုငါမစောင့်ချင်တော့ဘူး။

ခုန်ချလိုက်ရင် ပြီးသွားပြီ လို့ထင်တာ
တကယ်က ဒီမှာထပ်ရစ်တွယ်နေတုန်းပဲ
အိမ်ဦးခန်းမှာ ထောင်ထားတဲ့ဓာတ်ပုံနားမှာ
တရစ်ရစ်ဝဲနေရတုန်းပဲ။

ဒီ ၇ ရက်ပြီးရင် ငါဘယ်ကိုရောက်လောက်မလဲ
အမှန်အတိုင်းပြောရရင် မသိချင်တော့ဘူး
အဓိကက ဒီညှီနံတွေကြားက လွတ်မြောက်ဖို့ပဲ။

ရေစက်ချစမ်းပါ
သာဓုခေါ်မလို့ ။

အားလုံးပြီးသွားတဲ့အခါ
ဒီအိမ်ထဲက ဧည့်သည်တွေမပြန်ခင် ငါအရင်ပြန်မလို့။

#Meldian
#27Aug2021

***

ဘာကိုမွ မၾကၫ့္ဘဲ တစ္ဆံုးေျပးထြက္ခဲ့တယ္
နင့္ေၾကာင့္ေလ ဆိုတဲ့အျပစ္တင္သံေတြ
ငါ့နားနဲ႔ေတာင္ မဆန႔္ဘူး ။

လြတ္လပ္သြားၿပီေလ ... သိလား
တိုက္စြန္းရဲ့ အ‌ျပင္ဘက္ကို ေျခဆန႔္ၾကၫ့္လိုက္ေတာ့
ငါ့နားမွာ ငွက္ေတြဝဲျပန္ကုန္တယ္။

နင့္ေၾကာင့္ေလ ဆိုတဲ့အသံေတြတိတ္သြားတာ
ငါသတိထားလိုက္မိတယ္။
တခ်ိဳ႕က် ငိုတယ္
တခ်ိဳ႕က် မ်က္ရည္ေတြအတင္းၫွစ္ထုတ္ေနၾကတယ္
တခ်ိဳ႕က် ဝမ္းသာတဲ့မ်က္လံုးေတြနဲ႔။
ငါကေတာ့ နင္တို႔ေသာက္က်င့္သိတယ္ ဆိုတဲ့အထာနဲ႔
ေဝ႔ွပတ္ၾကၫ့္ေနတာေပါ့။

အိမ္ထဲမွာ အနက္ေရာင္လိပ္ျပာေလးဝဲေနတယ္
လူေတြက အဲ့အေကာင္ကို ငါလို႔ထင္ေနၾကတယ္။
တကယ္တမ္းက် ငါမဟုတ္ဘူး
ငါကဟိုေခ်ာင္မွာၿငိမ္ေနတဲ့ ေၾကာင္နက္ေလး။

ထံုးစံအတိုင္းပဲ
သူတို႔က ငါ့စကားဆို အဖက္မလုပ္ၾကဘူး။
ငါက ခ်က္ခ်င္းတံတားကိုျဖတ္ခ်င္တာ
၇ ရက္ကိုငါမေစာင့္ခ်င္ေတာ့ဘူး။

ခုန္ခ်လိုက္ရင္ ၿပီးသြားၿပီ လို႔ထင္တာ
တကယ္က ဒီမွာထပ္ရစ္တြယ္ေနတုန္းပဲ
အိမ္ဦးခန္းမွာ ေထာင္ထားတဲ့ဓာတ္ပံုနားမွာ
တရစ္ရစ္ဝဲေနရတုန္းပဲ။

ဒီ ၇ ရက္ၿပီးရင္ ငါဘယ္ကိုေရာက္ေလာက္မလဲ
အမွန္အတိုင္းေျပာရရင္ မသိခ်င္ေတာ့ဘူး
အဓိကက ဒီၫွီနံေတြၾကားက လြတ္ေျမာက္ဖို႔ပဲ။

ေရစက္ခ်စမ္းပါ
သာဓုေခၚမလို႔ ။

အားလံုးၿပီးသြားတဲ့အခါ
ဒီအိမ္ထဲက ဧၫ့္သည္ေတြမျပန္ခင္ ငါအရင္ျပန္မလို႔။

#Meldian
#27Aug2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now