စက္ကန့်ပိုင်းအတွင်း နှစ်ကောင်သုံးကောင်ကျသွားခဲ့တယ်၊ နှစ်ကောင်တည်းကျန်ခဲ့ပြီး တစ်ကောင်ကEcliseအရေှ့ကအကောင်နဲ့တိုက်ခိုက်ရင်း အလုပ်များနေတဲ့အချိန် နောက်ကနေခုန်အုပ်ဖို့ရွယ်နေခဲ့တယ်၊

Ecliseက​သူ့ကိုတိုက်ခိုက်နေတဲ့ဟိုင်အီးနားရဲ့လည်ပင်းကိုလိမ်ချိုးလိုက်ပြီး​တာနဲ့တပြိုင်နက် တခြားတစ်ကောင်ဘက်ကိုလှည့်ပြီးမျက်နှာချင်းဆိုင်လိူက်တယ်၊

"ရာ၊ း..."

အဲ့နောက်​သူကဟိုင်အီးနားကောင်ရဲ့ ဝမ်းဗိုက်ကိုဓားနဲ့ထိုးလိုက်တယ်၊ တကယ်ဆိုသစ်သားဓားကအဲ့လောက်တောင်မထက်တဲ့ဟာကို၊ နောက်ဆုံးဟိုင်အီးနားက သေွးတေွနဲ့ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး
တိုက်ပွဲရဲ့အပြီးသတ်ဖြစ်သွားခဲ့တယ်၊

"ဟာ... ဟင်..."

ပုခုံးတေွတဆတ်ဆတ်တုန်နေတဲ့Ecliseရဲ့လက်ကနေသေွးတေွကျလာခဲ့တယ်၊ ပွဲတစ်ခုလုံးတိတ်ဆိတ်သွားတယ်၊ ပြီးတော့​တစ်ယောက်ပြီးတစ်ယာက်
လူတိုင်း​က​အားပေးချီးကျူးသံတေွ ပေးလာခဲ့တယ်၊

"ကျေးဇူးတင်ပါတယ်"

လေ​လံပစ်တဲ့သူ​က​ပွဲရဲ့အဆုံးမှာကြေညာလုိက်တယ်၊

"ရား...."

Eclise​ကသေွးတေွကိုမြင်လိုက်တဲ့အချိန်​ အရမ်းတေွစိတ်ကြွသွားပြီး တိုက်ပွဲကပြီးဆုံးသွားတာတောင် သူ့ရဲ့ဓားကိုတော့ဆက်ပြီးလွှဲယမ်းနေခဲ့တယ်၊
သူ့ကိုထိန်းချုပ်ဖို့အနားကပ်လာတဲ့သူတိုင်းကို​ အန္တရာယ်ရှိတဲ့သူ့ရဲ့ဓားနဲ့လွှဲယမ်းနေခဲ့တယ်၊
ဒါပေမဲ့၊

သူအားလုံးကိုမရိုက်ခင်မှာဘဲ​ ရပ်သွားပြီးသတိလစ်လဲကျသွားခဲ့တယ်၊ အဲ့နောက်​မှာ​တော့​ စင်ပေါ်ကနေတရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံလိုက်ရတော့တယ်၊

ကြည့်ရတာ​သူတို့က​ Ecliseကိုတစ်ခုခုနဲ့ဆက်သွယ်ထားပုံရပြီး ဖြစ်နိုင်တာက​ ကျွန်တေွတုန့်ပြန်တိုက်ခိုက်လာမှာကိုတားတဲ့အရာဖြစ်မယ်၊

"ဟာဟ... သူကတော်တော်လေးကိုအားစိုက်ရတဲ့တစ်ယောက်ဘဲ  သူ့ကိုသာမာန်အတိုင်းထိန်းချုပ်ဖို့ကတော်တော်ခက်တယ်ဗျ..."

DITOEFVWhere stories live. Discover now