" အိပ်ယာပေါ် မှာဧကရီ က စောင့်နေ ဖို့ရာ ဧကရာဇ် မှာ လုံလောက်တဲ့ စွမ်းဆောင်ရည် ရှိမှ ဖြစ်မှာလေ။ မနေ့က ဒီဧကရီ ကို ဖက်ပြီး သွားရေတွေ ကျတဲ့ အထိ အိပ်သွားတာ ဘယ်သူလဲ ဟမ်....။ ဧကရာဇ် ရဲ့ စွမ်းရည် ကြောင့် ဒီဧကရီ ဝတ်ရုံ တစ်ခုလုံး သွားရည်တွေပဲ ပေကုန်တာမို့ အိပ်ယာပေါ်ကနေ ထနိုင်နေသေးတာပါ.....''

   ရှန်းလုက အသက် ၂၀ ကျော်နေပြီ ဖြစ်တဲ့ စစ်သူကြီး ဖြစ်တဲ့ အတွက် ရှက်စရာ ကိစ္စတွေ ကို ပေါ်တင် ထုတ်ပြော မယ် ဆိုရင်တောင် ကိစ္စ မရှိ ပေမယ့် လီကျယ် ကတော့ မနေ့တစ်နေ့ ကမှ လူပျို တစ်ပိုင်း ဖြစ်လာတဲ့ ကောင်ငယ်လေး လေ။ ဒီအဝါရောင် တွေ စွန်းနေတဲ့ ဟာသက သူ့မျက်နှာ နဲ့ ကိုယ် တစ်ခု လုံး ကို ပုစွန်လေးလို နီနီ ရဲရဲ လေး ဖြစ်အောင် အထိ လုပ်နိုင်လေတယ်။

အရှက်သည်း သွားတဲ့ သူမ မောင်လေး ကို ကြည့်ပြီး ရှန်းလု တစ်ယောက် တော်တော် ချစ်သွားကာ အငယ်ကို တုန်နေအောင် ချစ်တဲ့ အမတစ်ယောက် ရဲ့ ဗီဇပေါ် လာခဲ့တယ်။ ဒါကြောင့် မရည်ရွယ် ပါပဲနဲ့ ဧကရာဇ် လေးကို ပွေ့ဖက် ယမ်းပြစ်လိုက်ပြီး ပါးဖောင်းဖောင်းလေး ကို ကိုက်ပစ် လိုက်တော့တယ်။ ဧကရာဇ်လေး က အကိုက်ခံ လိုက်ရပေမယ့် ဒါဟာ သူ့အမတော်က ချစ်လွန်းလို့ လုပ်လိုက်တဲ့ အမူအရာ ဖြစ်​ကြောင်း ရင်းနှီး ပြီးသားမို့ နာသွားတဲ့ သူ့ပါးလေး ကိုသာ ပွတ်ပြီး တော်ဝင် ညီလာခံ ဆီ ကို သာ သွားတော့ တယ်။

   အရှေ့ကနေ ဆူပုတ်ပုတ်နဲ့ သွားနေတဲ့ အဝါရောင် နဂါးဝတ်ရုံ ဝတ်ဆင်ထားတဲ့ လူငယ်လေး ကိုကြည့်ပြီး ပြုံးနေတဲ့ ဧကရီကို နန်းတွင်းကလူတိုင်းတွေ့ မြင်ကြရမှာပါ။ ဒါပေမယ့် ဘောက်ဆက် ဘောက်ဆက် သွားနေတဲ့ သူတို့ ရဲ့ ဧကရာဇ် အသစ်စက်စက် လေး ကိုကြည့်ရင်း သူတို့တွေးမိတာက မနေ့ည က အစားခံ လိုက်ရတာ ဧကရာဇ်များ ဖြစ်နေ သလား လို့ပေါ့။ ဒါပေမယ့် မဖြစ်နိုင် ပါဘူးလေ.....သူတို့ရဲ့ ဧကရီ က အမျိုးသမီး တစ်ယောက်ပဲကို။ ဒါပေမယ့် မပြောနိုင်ဘူး....ဧကရီက သူတို့ ဧကရာဇ် လေး ကို အထူးပစ္စည်းတွေ သုံးပြီး သိမ်းပိုက် ပြစ်လိုက်ရင်ရော.....။အားယား.....သိပ်ကို သနားဖို့ကောင်းတာပဲ တို့ဧကရာဇ်လေးတော့....။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now