.𝗲𝗽𝗶𝗹𝗼𝗴𝘂𝗲.

915 106 21
                                    


unicode.

မီးဖိုခန်းထဲတွင် ပြင်ဆင်နေသော ဂျေးနားကိုသွားကာ ခါးကိုဖက်ထားလိုက်တော့ တံတောင်နှင့်တွတ်ကာ၊

"ပတ်ခ်ဆောင်းဟွန်း ငြိမ်ငြိမ်နေ.. ဒီမှာ steakလုပ်နေတယ်လေ"

ဆောင်းဟွန်းကတော့ လွှတ်ပေးဖို့အစီအစဉ်မရှိပဲ ဂျေး၏ပုခုံးထက်တွင် မေးဖျားကိုတင်ထားကာ လည်တိုင်ကျော့ကျော့ဆီ မျက်နှာအပ်ထားလိုက်သည်။ ဂျေး၏ ကိုယ်သင်းနံ့ဖျော့ဖျော့က ဆောင်းဟွန်း၏စိတ်ကို ငြိမ်းချမ်းစေသည်မှာအမှန်ပင်။ အချိန်တွေကို ရပ်တန့်လိုက်ချင်ပြီး ဒီလိုလေးပဲ တစ်သက်လုံးနေသွားရလည်း ဆောင်းဟွန်းအတွက်တော့ လုံလောက်တာထက်ကို ပိုနေခဲ့သည်။

"ဂျေး ကိုယ့်ဘက်ကိုလှည့်ပါဦး"

ပြောရင်းနှင့်ပင် ဂျေး၏ကိုယ်ငယ်လေးကို ဆွဲလှည့်လိုက်ပြီး နဖူးပြင်ပေါ်သို့ အနမ်းခပ်ဖွဖွခြွေချမိသည်။ သေချာပေါက် ပြုံးဖို့လည်းမမေ့ပါပဲနှင့်။ အင်း.. ပတ်ခ်ဂျေးကို ချစ်လိုက်ရတာမှ အရမ်းပဲ။ ဒီအတွေးကို ဆောင်းဟွန်းမတွေးဖြစ်သည့်နေ့ မတွေးဖြစ်သည့်အချိန်မရှိပါချေ။ ပန်းခြံထဲတွင် စတွေ့ခဲ့သောနေ့မှစ၍ blondeဆံနွယ်တို့နှင့် ဂျေးက ဆောင်းဟွန်း၏စိတ်အစဉ်ကို စိုးမိုးထားခဲ့သည်ပင်။

အကုန်လုံးချက်ပြုတ်ပြင်ဆင်ပြီးသွားသည့်နောက်တွင်တော့ ထမင်းစားပွဲပေါ်တွင် ရှိနေသည်တို့က appetizer အဖြစ် corn saladနှင့် main course ကတော့ steakနှစ်ပွဲဖြစ်ကာ dessertအတွက် butter pancake အပေါ်တွင် ပျားရည်များများဆမ်းထားသည်။ ဆောင်းဟွန်းသဘောတကျရယ်လိုက်ပြီး၊

"ဂျေးက ကိုယ့်ဆီလာပြီး ဂျေးကြိုက်တာတွေပဲ လုပ်ထားတာပဲ"

"ငါကြိုက်တာတွေအကုန် ဟန်နီကြိုက်မှန်းသိတာမို့ အလုပ်ရှုပ်ခံမနေဘူးလေ"

မျက်ခုံးတစ်ဖက်ကို ဟန်ပါပါပင့်ရင်း ပြောသည့်ပုံစံက တစ်ကယ်ကို ဆွဲစောင့်ချင်စရာလေး။
ဟန်နီဆိုသည့် နာမ်စားက ဆောင်းဟွန်း ဂျေးကိုဖွင့်ပြောပြီး တစ်ယောက်နှင့်တစ်ယောက် ခံစားချက်တို့ထပ်တူကျကြောင်း သိရှိသွားသည့်နေ့မှစ၍ ဂျေးဘက်က စတင်ခေါ်လာခဲ့သည်ပင်။ ဆောင်းဟွန်းကတော့ နာမ်စားမသုံးပါပဲ ဂျေး ဆိုသည့် သတ်မှတ်ချက်လေးကိုက တန်ဖိုးရှိနေပြီမို့ ဂျေးဟုသာသုံးသည်။ အစပိုင်းတွင် ထိုကိစ္စနှင့် ပတ်သက်၍ ဂျေးကမကျေနပ်ခဲ့သော်လည်း ဆောင်းဟွန်းရှင်းပြပြီးသည့်နောက်တွင်တော့ မျက်ရည်များဝဲကာ "ပတ်ခ်ဆောင်းဟွန်း အရူးကောင်" ဟုပြောလာခဲ့သည်။

🎉 You've finished reading 𝘁𝘂𝗹𝗶𝗽𝘀 𝗯𝗹𝗼𝗼𝗺 𝘄𝗵𝗲𝗻 𝘆𝗼𝘂 𝘀𝗺𝗶𝗹𝗲 /jayhoon/ ✔︎ 🎉
𝘁𝘂𝗹𝗶𝗽𝘀 𝗯𝗹𝗼𝗼𝗺 𝘄𝗵𝗲𝗻 𝘆𝗼𝘂 𝘀𝗺𝗶𝗹𝗲 /jayhoon/ ✔︎Where stories live. Discover now