Chapter 56 (Unicode)

Start from the beginning
                                    


" ကိုယ်နားလည်ပြီ... "

Mcqueen က စိတ်မသက်သာဟန်ဖြင့် ဆေးလိပ် တစ်လိပ် ထုတ်၍ သောက်လေသည် ။

အတန်ကြာအထိ ငြိမ်သက်နေကြပြီးမှ Mcqueen က စကားဆိုလာသည် ။

" ယော့ဝန်း... မင်းဘက်က ဘယ်လို စဥ်းစားထားလဲတော့ ကိုယ်မသိဘူး... ဒါပေမယ့် ကိုယ့်ဘက်ကတော့ ကိုယ်တို့နှစ်ယောက်ကြားက အခြေအနေကို အများကြီး စဥ်းစားဖြစ်ခဲ့တယ်... ကိုယ် မင်းအကြောင်းတွေးနေတာကို တစ်စက္ကန့်လေးတောင် မရပ်တန့်နိုင်ခဲ့ဘူး... "

Mcqueen က ကျွန်တော့်ကို ဝန်ခံနေခြင်းများလား ။

" ကိုယ်ဟာလေ... ကိုယ့်ကိုယ်ကို အရမ်းယုံကြည်မှု လွန်ကဲနေတယ်လို့ပဲ ပြောရမလား... ကိုယ်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဒေါသထွက်စေခဲ့ပြီး ကိုယ်က မင်းကို နာကျင်စေရမယ့် စကားတွေ ပြောခဲ့မိတာတောင်မှ... မင်းလည်း ကိုယ့်အကြောင်းတွေ တွေးနေလိမ့်မယ်လို့ ကိုယ် ယုံကြည်မိနေတုန်းပဲ... "

Mcqueen က ဆေးလိပ်တစ်လိပ် ကုန်သွားသောကြောင့် ပြာခွက်ထဲသို့ မီးငြိမ်းရန် ထိုးထည့်လိုက်သည် ။

" ဒါက ကိုယ့်အတွေးသက်သက်ပါပဲ... ဒါပေမယ့် အခု... ကိုယ်မင်းကို ဆုံးရှုံးလိုက်ရပြီ ခံစားနေရတယ်... ယော့ဝန်း... အခု ကြည့်ရတာ မင်းကိုယ့်ကို မေ့သွားပြီလို့ ကိုယ် ခံစားနေရတယ်... ကိုယ့်ရဲ့ တောင်းပန်စကားတွေကလည်း ဘာမှ အရာမဝင်တော့သလိုပဲ... "

Mcqueen က စိတ်ပျက်လက်ပျက်နှင့် ဝမ်းနည်းနေပုံပေါ်နေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Mcqueen က စိတ်ပျက်လက်ပျက်နှင့် ဝမ်းနည်းနေပုံပေါ်နေသည် ။

" ကိုယ် မင်းကို ဘယ်လို လုပ်ရပ်တွေ လုပ်ခဲ့မိလဲ ဆိုတာ ကိုယ်သိပါတယ်... အဲ့တာက ခွင့်လွှတ်ဖို့ မလွယ်ဘူး ဆိုတာလည်း ကိုယ် ကောင်းကောင်းကြီး နားလည်ပါတယ်... ဒါပေမယ့် မင်းကို ချန်းလျှို့လို လူမျိုးက ကိုယ့်အဝေးကို ဆွဲထုတ်ခေါ်ယူသွားမှာကို ကိုယ့်စိတ်ထဲလုံးဝ လက်မခံနိုင်ဘူး ဖြစ်နေတယ်... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now