" Daddy လမ်းလျှောက်ချင်ဘူး "
ငပျင်းလေး ...ဒီကလေးသက်သက်နိုင်စားတာ...

" Daddy အပျင်းလေးကို ချီမှာပေါ့ လာ "
ရုတ်တရတ် Zကောက်ချီလိုက်ပြန်တော့ သူလေးလန့်ကာ အမလေးတဲ့ Z လည်ပင်းကိုလဲ ပြုတ်ကျမှာဆိုးတာကြောင့် အတင်းကို ဖတ်ထားတာ...

.
.
.
.
.
.

" လာ Babe  ကားပေါ်တက် "

ဆေးရုံသွားမယ်ဆိုတောကြောင့် ဒင်းလေးက သာနေကောင်းတယ်ဆိုပြီး ကြောက်ကန်ကန်ကာ ငြင်းသေး..... နောက်ဆုံးတော့ သူလေးကြိုက်တဲ့ ချောကလပ်ကိတ်လေးနဲ့ ခေါ်မှ လက်ခံတဲ့ အဆိုးလေး။

" ​အော်...အော် မေ့တော့မလို့  သားစက်ရုပ်လေးကို ခေါ်ရအုံးမယ် Daddy "

ကဲကြည့် သူကြိုက်တဲ့ စက်ရုပ်က ဘယ်သွားသွားမပါမဖြစ်..... သူလေး ဆေးရုံလိုက်ဖို့အရေး ဂိုဏ်းခေါင်းဆောင်ကြီး Zကတော့ သူလေးခိုင်းဖက်ဖြစ်လို့.....အခုလဲ ကျန်ခဲ့တဲ့ သူ့စက်ရုပ်လေးကို ကားပေါ်မတက်မှီအသဲအသန် ယူပေးကသေး။

" ဟီးဟီး Daddy  ချစ်တယ်နော် "

လိုချင်တာ ရပြီဆို မျက်နှာချိုသွေးတက်တဲ့ ဒီကောင်လေး တကယ့် လူလည်။

ဆေးရုံ သွားတဲ့ တစ်ခမ်းလုံးလဲ အငြိမ်မနေ အရမ်းအစသန်တဲ့ ကလေးလေး လူကြီးကိုလဲ သူမကြောက် ဒီပေါက်စ။

At Hospital..,

မြန်မာနိုင်ငံရဲ့ အကြီးဖြစ်ပြီး နည်းပညာပိုင်းမှာ ထိပ်တန်းအဆင့်မြင့် ဆေးရုံကြီးရှေ့  ကား၅ စီးဟာလဲ ရှေ့ဆင့်နောက်ဆင့်နေရာယူထားသည်။

ဆေးရုံအုပ်ကိုယ်တိုင် ပန်းစည်းဖြင့် လာရောက်ကြိုဆိုရသည်ဆိုကတည်းက  ထိုလူ၏ အရှိန်အဝါဟာ ဘယ်လောက်ထိ ကြီးမားလဲ မပြောပြလဲ သိမှာပါ။

" လာ Babe "

ကမ်းပေးလာတဲ့ Z ရဲ့ လက်ကို ရဲရဲစုတ်ကိုင်ကာ...ကားပေါ်မှ ဆင်းလာတဲ့ကလေးငယ် ပြူးကြောင်ကြောင်လေးဖြင့် ဆေးရုံအနေအထားကို လိုက်ကြည့်နေသည်... တစ်ဖက်မှာလဲ သူ့Daddy ကြီး၏ လက်ကို အလွှတ်မပေး တင်းတင်းကြပ်ကြပ်စုတ်ကိုင်ထားပြန်သည်။

Z လဲ ကလေးငယ်လေး လက်ကို ပြန်လည်စုတ်ကိုင်ကာ... ဆေးရုံအုပ်ကြိုဆိုမှုကို ပြန်တုန့်ပြန်လိုက်သည်...

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now