ပြီးတော့ မနေ့က .....
ခွန်း တွေ့တဲ့သူကဆံပင်စုထုံးထားတာ အခု ဒီဘဲကြီးက
ဆံပင်ကိုတဝက်စီးတဝက်ချထားတာ။

အူးဝါးးးးး ဗြဲ

ခွန်း အော်ငိုချင်စိတ်ပေါက်လာသည်။

ခွန်းမှာ‌တော့ တွေ့ချင်လွန်းလို့
ဉာဏ်နီ၊ဉာဏ်ပြာ၊ဉာဏ်ဝါ၊
ဉာဏ်​ကာလာစုံ တွေ
ဆင်ထားရတာလေ ။

မျက်နှာတောင် မမြင်ဖူးသေးပဲ အသေအလဲပစ်ကြွေခဲ့ရတာလေ။

အခုသိလိုက်ရတော့ ....
မျက်နှာကအမွှေးတွေနဲ့တင်
လူကလန့်နေပါပြီဆို
ပုံစံကပါကြောက်စရာကြီးရယ်။

စိတ်မထင်ရင် ခါးကြားက ခြောက်လုံးပြူးနဲ့ ထပစ်မဲ့ဒီဇိုင်းနဲ့ ။

ခွန်း တကယ်မပျော်တော့ပါပု။

ဖြစ်နိုင်ရင် မနက်ဖြန် တောင်ကြီးကို
ရတဲ့ကားနဲ့ပြန်ဖို့လုပ်ရမယ်။

ခွန်းတွေးကောင်းနေတုန်းရှိသေး .......

------------------------

နောင့်ခွန်း ညအိပ်ဖို့အတွက်
အဝတ်လဲရန်လုပ်နေသည်။

အပြင်ကဝတ်လာတဲ့ဟာတွေက
တနေကုန်သွားလာထားရတော့
ချွေးနံ့တွေစွဲနေတာမို့နေရခက်သည်။

နောင့်ခွန်း ကအဝတ်လဲဖို့လုပ်နေတဲ့ချိန်
​ဟိုကောင်လေးကတော့
စောင်ခေါင်းမြီးထိဆွဲခြုံထားပြီးသူ့ကိုကြောက်ချင်ယောင်ဆောင်နေတာမို့ နောင့်ခွန်းတကယ်ရီချင်နေသည်။

အဝတ်လဲပြီးအိပ်ဖို့ရာ
အမြန်လုပ်လိုက်သည်။
နောင့်ခွန်း အပေါ်အင်္ကျီ
ချွတ်လိုက်တဲ့အချိန် .......

အတွေးလွန်နေမိတဲ့
ခွန်း တယောက်ကလည်း ဘဲကြီးကိုလှမ်းကြည့်လိုက်ချိန်ဆိုတော့
ခွန်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှာခေါင်းသွေးပင်လျှံချင်သွားသည်။

(တောက် တောက် တောက်....
နှာခေါင်းသွေးကျသံ)

"ဘဲကြီး ခန္ဓာကိုယ်က
အမှန်တကယ်ကိုမိုက်သည်။

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Tahanan ng mga kuwento. Tumuklas ngayon