ဒုန်း!

"....."

လုံးဝကိုဘာမှဖြစ်မသွားသော ဝမ်ရှောင်းမျယ်က ထိုသူ့ကို မျက်လုံးသေနဲ့ပြန်ကြည့်နေလိုက်တယ်။

(T/N: Like this 👇)

(Gintama မှပါဝင်ကူညီအားဖြည့်သည် 🤣 အမှန်တော့ကွာ အဲ့လိုအကြည့်ကိုပြချင်တာဆိုပေမယ့် ရှာရင်းနဲ့ဒီပုံတွေ့တော့ ဝမ်ရှောင်းမျယ်နဲ့ပိုလိုက်မယ်ထင်လို့ ခိုးလာတာကွာ 😂 )

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Gintama မှပါဝင်ကူညီအားဖြည့်သည် 🤣 အမှန်တော့ကွာ အဲ့လိုအကြည့်ကိုပြချင်တာဆိုပေမယ့် ရှာရင်းနဲ့ဒီပုံတွေ့တော့ ဝမ်ရှောင်းမျယ်နဲ့ပိုလိုက်မယ်ထင်လို့ ခိုးလာတာကွာ 😂 )

တိုက်ခိုက်လိုက်သည့်သူက စတင်တုန်လှုပ်လာပြီး " ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?! ဘာလို့ဒီဇွန်ဘီကို သက်ရောက်မှုမရှိရတာလဲ?! ငါလုံလောက်အောင် အားမသုံးလိုက်မိလို့ဖြစ်မယ် " အဲ့ဒါနဲ့ သူ့ရဲ့လက်နက်ကို မြှောက်လိုက်ပြီး​ မေးရိုးကျိုးစေနိုင်တဲ့ ရိုက်ချက်ကို ဖော်ထုတ်လိုက်တယ်။ **

(** မြည်းခွာက ဇွန်ဘီတွေကိုအကျိုးသက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြတယ်တဲ့။ ကြက်သွန်ဖြူတို့ ဆားတို့ သုံးရင် သရဲကိုနိုင်တယ်ဆိုတာလိုမျိုး။)

ဝမ်ရှောင်းမျယ်က မြည်းခွာကြီးလာနေတဲ့ လေသံနဲ့ တဖြည်းဖြည်းနီးလာတာကိုကြားလိုက်ရတယ်။

ဝှက်သယ်ဖာခ်! မင်းကဒီအင်နိုးစန့်ဖက်ထုပ်လေးကို အသေသတ်ဖို့ကြံနေတာလားဟမ်?!!

သူ့ရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားတော့တယ်။ သူ့အသားအရည်ကသိသိသာသာမာပြီး အနာခံနိုင်တဲ့ဇွန်ဘီတစ်ကောင် ဖြစ်နေတယ်ဆိုပေမယ့်လည်း ဒီခွာကြီးကနေ သက်ရောက်လာမယ့် နာကျင်မှုကိုခံနိုင်မယ်လို့မဆိုလိုဘူးလေ။

သူ့အသားအရည်ကလုံ​လောက်အောင်မမာကျောပဲ သူ့ခေါင်းကြီးသာထိုးဖောက်ခံလိုက်ရရင် သူပုံပျက်ပန်းပျက်ကြီး ဖြစ်သွားမှာမဟုတ်ပေဘူးလား?!!

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now