ခန့်မှန်းရသလောက် ထိုအရာကသူ့နှုတ်ခမ်းဖြစ်မယ့်ပုံပဲ။

ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးရွဲကြီးများကပြူးကျယ်လာခဲ့တယ်။ သူကအရမ်းကိုတုန်လှုပ်နေခဲ့ပြီး အဲ့လိုတုန်လှုပ်နေတာကြောင့်ပဲ သူ့ခေါင်းတောင်ငိုက်စိုက်ကျသွားရတယ်။

" အ အ အကိုကြီး ကျွန်တော်တို့တွေစကားပြောလို့ရပါတယ်ဗျာ " ခဗျားကြီး ကျွန်တော့ကိုကြိုက်တာလုပ်လို့ရပါတယ်ဗျာ ဒါပေမယ့် ကိုက်တော့မကိုက်လိုက်ပါနဲ့လို့!

" မျန်တျန်း ဘာလို့မင်းကဒီဘဝမှာအရမ်းချစ်ဖို့ကောင်းနေရတာလဲ " ရင်ဘတ်ထဲမှလာသော အပြုံးရေးရေးလေးနှင့်အတူ သူ့အသံကပြာနေခဲ့တယ် " မျန်တျန်း အဲ့ဒီ့မသေမျိုးလူအိုကြီးက ငါ့ကိုတကယ်မညာခဲ့ဘူးပဲ ဒီအကေးရှားပင်ကြီးက နောက်ဆုံးတော့မင်းကိုပြန်ခေါ်လာပေးခဲ့တယ် "

" မျန်တျန်း ဘာလို့မင်းကဒီဘဝမှာအရမ်းချစ်ဖို့ကောင်းနေရတာလဲ " ရင်ဘတ်ထဲမှလာသော အပြုံးရေးရေးလေးနှင့်အတူ သူ့အသံကပြာနေခဲ့တယ် " မျန်တျန်း အဲ့ဒီ့မသေမျိုးလူအိုကြီးက ငါ့ကိုတကယ်မညာခဲ့ဘူးပဲ ဒီအကေးရှားပင်ကြီးက နောက်ဆုံးတော့မင်းကိုပြန်ခေါ်လာပေးခဲ့တယ် "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

{အကေးရှားပင်ကြီး လှတယ်မလား}

ဝမ်ရှောင်းမျယ်မှာတော့ စကားလုံးတွေကိုနားလည်နိုင်ဖို့အတွက် အရမ်းကိုခက်ခက်ခဲခဲတုန်လှုပ်နေခဲ့တယ်။

သူ့ဦးနှောက်ထဲမှာ ရေစီးသံတစ်ခုထဲကိုပဲကြားနေရတယ်။

ထိုလူသားကအချိန်အတော်ကြာအထိစောင့်နေပေးသော်လည်း ဝမ်ရှောင်းမျယ်ရဲ့ဆိတ်ဆိတ်နေမှုက သူ့ကိုမကျေမနပ်ဖြစ်လာစေပြီး သူ့ကိုသူ့ဘက်ဆွဲလှည့်လိုက်တော့တယ်။ ထိုလှုပ်ရှားမှုက သူတို့ကို မျက်နှာချင်းဆိုင်သွားစေခဲ့တယ်။

ဝမ်ရှောင်းမျယ်ရဲ့သွားတွေက ဇွန်ဘီကိုကြောက်ရွံ့တဲ့အကြောက်တရားများကြောင့် တဆက်ဆက်ရိုက်ခတ်နေတယ်။ သူနဲ့မျက်နှာချင်းဆိုင်က ဖက်ထုပ်အကိုကြီးရဲ့ခေါင်းမှာ အနီရောင်သရဖူတစ်ခုရှိနေတယ် အနီရောင်အမှတ်အသားတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားမှာ ရှိနေပြီး ကျဉ်းမြောင်းမြောင်းမျက်ဝန်းတွေကြားက အနက်ရောင်မျက်ဆံကျယ်ကျယ်က တကယ်ပဲ ကြည့်လိုက်ရုံနဲ့ နမိတ်မကောင်းသလိုခံစားရတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now