"လင်းဆက် ပြန်လာပြီလား "

"ခွန်း မင်းပစ္စည်းတွေ သိမ်းထားတော့နော် ညနေကားနဲ့လိုက်လို့ရအောင်"

"အေးပါကွာ
မင်းကငါ့ကိုအတင်းနှင်နေတာပဲကွာ
မင်းမနေစေချင်ရင် ငါမနေပါဘူး"

" အဲ့လိုမဟုတ်ပါဘူးကွာ
ငါတို့ရွာအကြောင်း မင်းလည်း
သိသင့်သလောက်သိနေပြီပဲ
ငါကမင်းအတွက်ပြောတာပါ"

"အင်းပါ ပြန်ရင်ပြီးရောမလား"

ခွန်းစိတ်ထဲမှာတော့ ငါက တီလေးကို ၂ပတ်၊၃ပတ်နေမယ်တောင်ဖုန်းဆက်ထားပြီးပေါ့ မင်းပြန်ခိုင်းတိုင်းပြန်စရာလားဟွန့် ညနေမပြန်ရအောင်ဘယ်လိုလုပ်ရမလဲ ခွန်းထိုင်စဉ်းစားနေလိုက်သည်။

လင်းဆက်ကလည်း ငြိမ်သွားတဲ့ခွန်းကိုကြည့်ပြီး နည်းနည်းတော့အားနာစရာကောင်းတာသိပေမဲ့
ခွန်းကိုမထားချင်လို့မဟုတ်ပေမဲ့ ယပြန်လွှတ်မှရမည်လေ ခွန်းဘယ်လောက်ဂျစ်တိုက်လဲသူအသိဆုံးဒီကောင်မပြန်ရင်တနေ့မဟုတ်တနေ့ကခေါင်းဆောင်နဲ့ထိပ်တိုက်တွေ့နိုင်သည်။

ဒီကောင့်ပုံမျိုးနဲ့ဆို ခေါင်းထဲကို
ကျည်ဆန့်တွေအတောင့်လိုက်ဝင်သွားနိုင်သည်။
လင်းဆက်လည်းစိတ်ပင်ပန်းပါသည်။

"ခွန်းခနထိုင်နေဦး ညနေကားက
ဘယ်အချိန်လဲ ငါသွားမေးဦးမယ် အခုတောင်နှစ်နာရီထိုးတော့မယ်
တော်ကြာမမှီမဆိုးလို့ ဟိတ်ကောင်လျှောက်မသွားနဲ့နော်"

"အေး ကြွ ငါရေချိုးလိုက်ဦးမယ် အိမ်ကပဲစောင့်နေမယ်
ဘယ်မှမသွားဘူး စိတ်ချ"

လင်းဆက်ထွက်သွားမှ ခွန်းရေချိုးဖို့အမြန်လုပ်လိုက်သည် ။ခွန်းတကယ်ကြီးပြန်ရတော့မှာလား ။

ဟိုဂုတ်သားဖြူဖြူလေးနဲ့....
ဆင်စွယ်ရောင်ဝတ်စုံ နဲ့

နောက်ကျောပြင်ကျယ်ကြီးရဲ့ပိုင်ရှင်ကို တကယ်မတွေ့နိုင်တော့ဘူးလားတွေးမိပြီး နည်းနည်းတော့ဝမ်းနည်းသည်။

ခွန်းစိတ်ကိုလည်း ခွန်းကိုယ်တိုင်
နားမလည်နိုင်။ မျက်နှာတောင်မမြင်ဘူးတဲ့လူတယောက်ရဲ့နောက်ကျောကို ဘာလို့အဲ့လောက်သဘောကျမိသွားသည်မသိ ပြီးတော့ ယောက်ျားလေးချင်းကို ခွန်းကဘာညာခံယူချက်တော့မရှိပါ ခွန်းချစ်တဲ့သူကိုခွန်းရွေးချယ်မှာပင်။

ရှမ်းအိုးစည် နှင့် မန္တလေးသား (Complete )Where stories live. Discover now