"ရှောင်းမျယ် မနေ့တုန်းက..." မနေ့တုန်းကအကြောင်း အစဖော်လိုက်ရင်း ဝမ်ဖုန်းကျင် သူ့မျက်နှာကိုတင်းကာ ဇာတ်ကောင်အတိုင်းနေဖို့ ကြိုးစားနေပေမယ့် သူ့ရဲ့ပီတိဖြာနေတဲ့အပြုံးကြီးကိုတော့ မထိန်းထားနိုင်ဘူး။ ဝမ်ရှောင်းမျယ်ရဲ့လက်ကို တင်းကျပ်စွာကိုင်ထားရင်း မျက်လုံးတွေ တဖျပ်ဖျပ်တောက်ကာ "ကိုယ်မနေ့တုန်းက အရမ်းပျော်တယ်၊ မင်းကို အမြဲထာဝရစောင့်ရှောက်ပေးသွားပါ့မယ်... ကိုယ်မင်းကို သေချာပေါက် တာဝန်ယူပေးမယ်၊ မင်းရဲ့ယုံကြည်မှုနဲ့ ခံစားချက်တွေကို ဘယ်တော့မှ အပျက်စီးမခံဘူး!"

"..."

"အိုး ဟုတ်သားပဲ... ကိုယ်တို့တွေက လက်ထပ်ပြီးတာဖြင့် ကြာလှပြီ၊ ဟား ဟား ဟား"

"..."

လှပတဲ့နတ်ဆိုးက သူ့ရဲ့ရူးကြောင်ကြောင်ရယ်သံကြီးကိုတော့ မထိန်းထားနိုင်ခဲ့ဘူး။

ဘော့စ်ရယ် ကျေးဇူးပြုပြီး ဒီလိုကြီးမလုပ်စမ်းပါနဲ့ ကြောက်ဖို့ကောင်းလွန်းလို့။ ဝမ်ရှောင်းမျယ် တံတွေးမြိုချနေတုန်း ဝမ်ဖုန်းကျင်ပြောတာကို ကြားလိုက်ရတယ် "လက်ထပ်တဲ့ညမှာ ကိုယ်တို့ဇာတိကအမျိုးသမီးတွေ... အဲ့တာကို ပထမဆုံးအကြိမ်လုပ်တာဆိုရင် ပဲနီဆန်တစ်ခွက်စားရမယ့် ထုံးတမ်းဓလေ့ရှိတယ်၊ သင်္ချိုင်းထဲမှာ ပဲနီတွေမရှိဘူးဆိုပေမယ့် သင်္ချိုင်းလာတူးတဲ့သူတွေကျန်ရစ်ခဲ့တာတွေထဲက တခြားဟာကို ရှာတွေ့ထားတယ်... လာကွာ ကိုယ်မင်းကို အဝတ်အစားကူဝတ်ပေးမယ် ပြီးရင် ကိုယ်မင်းအတွက် ချက်ပေးမယ်"

ဝမ်ရှောင်းမျယ်ကို ခေါင်းတလားထဲက ထွက်နိုင်အောင် ကူပေးပြီး သူ့ကိုဂရုတစိုက်နဲ့ အဝတ်အစားတွေ ဝတ်ပေးနေတယ်။ ဝတ်စားပြီးနောက် ဝမ်ရှောင်းမျယ်တစ်ယောက် မင်းသမီးလေးလို ပွေ့ချီခံလိုက်ရတယ်။ သူ့ရဲ့ရှည်လျားတဲ့အနက်ရောင်ဆံပင်တွေက နူးညံ့တဲ့ဘရိုကိတ်လို မင်္ဂလာဆောင်ဝတ်စုံပေါ်မှာ ရေတံခွန်သဖွယ် ကျဆင်းနေတယ်။

တောင့်တင်းတဲ့လက်တွေက သူ့ပုခုံးနဲ့ ဒူးကောက်ကွေးကနေ ပွေ့ချီထားပုံက ဝမ်ရှောင်းမျယ်ကို သူ့ရင်ခွင်ထဲမှာ အကျအနနေရာချထားသလိုဖြစ်နေတာကြောင့် သူတော်တော်လေးရင်ထဲထိသွားတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now