အပိုင်း(၃၉)

Start from the beginning
                                    

"နိုးပြီလား....ထပ်မအိပ်နဲ့တော့ အရမ်းအိပ်လွန်းရင်ခေါင်းမူးလိမ့်မယ်"

"မင်းအမေကြောင့်မဟုတ်လား"

အဆက်အစပ်မရှိပဲ ပြောလာတဲ့စကားကြောင့် ညဏ်းဧကရာဇ်ရဲ့ အာရုံတွေလက်ရှိလောကထဲကိုပြန်ရောက်လာပြီး ဖိတ်ခေါ်ခြင်းမရှိတဲ့ စိတ်ညစ်ညူးမှုတွေကအလုံးအရင်းဝင်ရောက်လာတယ်

"မင်းကို ဘာတွေနဲ့ခြိမ်းခြောက်ထားတာလဲ ကိုယ့်ကိုအမှန်အတိုင်းပြောစမ်းပါ"

"ငါ နှစ်နှစ်လောက်မင်းနဲ့ခွဲနေရလိမ့်မယ် အဲ့ဒါပြီးရင် ငါတို့အေးအေးချမ်းချမ်းနေနိုင်ပြီ ဒီတစ်သတ် မင်းကိုလုံးဝမနှောက်ယှက်တော့ဘူးလို့ မာမီ ငါ့ကို​ပြောတယ်"

နေအဂ္ဂါ အိပ်နေရာက ထထိုင်လိုက်ပြီး ညဏ်းဧကရာဇ် ကိုစူးစိုက်ကြည့်လိုက်တယ်

"အဲ့ဒီ့စကားကို မင်းတကယ်ယုံနေတာလား နှစ်နှစ်ဆိုတဲ့အချိန်က မင်းအတွက်မိန်းမတစ်ယောက်ကောက်ယူလိုက်ပြီး ကလေးတစ်ယောက်မွေးနိုင်တဲ့အထိ လုံလောက်မှုရှိတယ် ကိုယ်မင်းကိုစိတ်မချနိုင်ဘူး"

"မင်းငါ့ကို အယုံအကြည်မရှိတာလား"

ညဏ်းဧကရာဇ် လေသံကခပ်မာမာဖြစ်လာတယ်

"မဟုတ်ဘူး ငါမင်းကိုယုံတယ် မင်းအမေနဲ့ ကံကြမ္မာကိုပဲမယုံတာ"

"ကိုကို"

ညဏ်းဧကရာဇ် လေသံကပြန်လည်နူးညံ့သွားပြီး နေအဂ္ဂါကို သူ့လက်မောင်းကြားထဲပွေ့ဖတ်ထားလိုက်တယ်

"ကိုယ်မင်းကိုသွားခွင့်မပြုဘူး ကိုယ်မင်းအမေကိုလုံးဝမကြောက်ဘူး မင်းအမေဆီက အသိအမှတ်ပြုခံရဖို့ကိုလည်း မလိုအပ်ဘူး မင်းကိုယ့်အနားမှာ ရှိနေဖို့ကအရေးအကြီးဆုံးပဲ"

ညဏ်းဧကရာဇ် ရဲ့သက်ပြင်းချသံအဆုံးမှာ

"ဟုတ်ပါပြီ ကိုကို့သဘော ကိုကိုမသွားစေချင်ရင် ဒီကကောင်က ခြေတစ်လှမ်းလေးတောင်ရွှေ့ချင်တာမဟုတ်ဘူး"ဆိုတဲ့ စကားသံသဲ့သဲ့ကိုကြားလိုက်ရတယ်

နေအဂ္ဂါ ညဏ်းဧကရာဇ်ခါးကို ပိုမိုတင်းကြပ်အောင်ပွေ့ဖတ်ထားလိုက်ပြီး အချိန်အတော်ကြာတဲ့အထိ အလွတ်မပေးခဲ့မိဘူး ညဏ်းဧကရာဇ်လည်း ထိုနည်းတူစွာပင် နေအဂ္ဂါကို လွတ်ထွက်မတက်ပွေ့ဖတ်ထားတယ် ကောင်းကင်ကြီးက နီညိုရောင်ကနေ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားချိန်ရောက်မှ ညဏ်းဧကရာဇ် ဘက်ကစကားစပြောလာတယ်

Before I Fall You[Completed]Where stories live. Discover now