အပိုင်း(၂၀)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့သံစဥ်လေးတစ်ခု-၂

441 35 0
                                    

မနက်ခင်းနေရောင်ခပ်နွေးနွေးလေးက အနည်းငယ်ဟနေတဲ့လိုက်ကာကြားထဲကနေ ညဏ်းဧကရာဇ်ရဲ့မျက်နှာနုနုပေါ် ကျရောက်နေတယ် ညဏ်းဧကရာဇ်ရဲ့ကိုယ်လုံးနဲ့ကွယ်နေတာကြောင့် နေအဂ္ဂါဘက်မှာတော့နေရောင်တွေကင်းစင်နေပြီး နေအဂ္ဂါကသူ့လက်တွေနဲ့အိပ်မောကျနေတဲ့သူ့ကောင်လေးပေါ်ကျရောက်နေတဲ့နေရောင်တွေကိုကာထားလိုက်တယ် ခဏကြာပြီးတဲ့နောက်မှာ မျက်တောင်ခပ်နက်နက်လေးတွေက လူးလွင့်လှုပ်ရှားလာတာကြောင့် နေအဂ္ဂါကသူ့လက်တွေအလျှင်အမြန်ရုတ်လိုက်ပေမဲ့ သူ့လက်ချောင်းတွေက လက်ဖဝါးခပ်ကြီးကြီးတစ်စုံရဲ့ဖမ်းဆုတ်ခြင်းကိုခံလိုက်ရတယ်

"စိတ်ပြေနေရဲ့သားနဲ့ စိတ်ကောက်ချင်ယောင်ဆောင်တယ်"

နေအဂ္ဂါကသူ့လက်တွေကို အလျှင်အမြန်ပြန်ရုန်းပေမဲ့ ညဏ်းဧကရာဇ်က တင်းကြပ်နေအောင်ဆုတ်ကိုင်ထားတာကြောင့် သူ့လက်ချောင်းထိပ်လေးတွေတောင် နီနေပြီ ညဏ်းဧကရာဇ်က နေအဂ္ဂါရဲ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်လိုက်ပြီးတော့ အခုထိဝတ်ထားဆဲဖြစ်တဲ့လက်စွပ်လေးကို ကြည့်နေလိုက်တယ် နေအဂ္ဂါကသူ့လက်တွေကိုအားပြင်းပြင်းသုံးပြီးပြန်ယူလိုက်တယ်

"အထင်မလွဲနဲ့ ကိုယ်ဝတ်ချင်လို့ဝတ်ထားတာမဟုတ်ဘူး အားလုံးကိုချပြပြီးသားဖြစ်နေလို့လက်စွပ်ပိုင်ရှင်နေရာမှာမင်းကိုအတင်းအကြပ်နာမည်မခံခိုင်းပါဘူး"

"ငါဘာပြောနေလို့လဲ ဒါမင်းရဲ့လွတ်လပ်ခွင့်ပဲ မင်းလုပ်ချင်သလိုလုပ်လို့ရတယ်"

ညဏ်းဧကရာဇ် နေအဂ္ဂါရဲ့ လက်စွပ်ဝတ်ထားတဲ့လက်ချောင်းကို သူ့လက်နဲ့ခပ်ဖွဖွလေးပွတ်ရင်းနဲ့ပြောလိုက်တော့ နေအဂ္ဂါရဲ့"ကျေးဇူးပဲ"ဆိုတဲ့စကားအဆုံး နေအဂ္ဂါကသူ့ကိုအိပ်ယာပေါ်မှာ တစ်ယောက်ထဲချန်ထားရစ်တော့တယ် သူမျက်မှုန်ကုတ်လိုက်တယ် ကျေးဇူးပဲ တဲ့ နေအဂ္ဂါကဘယ်တုန်းကအဲ့လိုစကားမျိူးပြောဖူးလို့လဲ အဲ့ဒီ့နေ့ကစပြီးတော့ဘာကြောင့်မှန်းမသိနေအဂ္ဂါပြောင်းလဲသွားခဲ့တယ် အမြဲတမ်းပြုံးပြနေကျ ဖောဖောသီသီအပြုံးလေးတွေလည်းမမြင်ရတော့သလို ညဏ်းဧကရာဇ်ကသူ့ကိုအိပ်ယာထဲမှာဒေါသထွက်အောင်စနောက်ရင်တောင်မှ အရင်လိုဒေါသတကြီးဆဲဆိုသံလေးတွေမကြားရတော့ဘူး
နေအဂ္ဂါကတဖြည်းဖြည်းတိတ်ဆိတ်ရင်းတိတ်ဆိတ်လာခဲ့တယ် အရင်လိုမျိူးသူ့ဘက်ကလိုလိုလားလားအပြုအမူတွေမရှိတော့ဘူး သူ့ဘက်ကအရင်စနမ်းတာမျိူးတွေလည်းမရှိတော့သလို ညဏ်းဧကရာဇ်ဘက်ကအနမ်းပေးရင်တောင် တုန့်ပြန်တာမျိူးလဲမရှိ ငြင်းဆန်တာမျိူးလည်းမရှိပဲ တိတ်တိတ်လေးငြိမ်ခံနေတက်တယ် သူ့အတွေးတွေထဲဘာတွေရှိနေသလဲ ညဏ်းဧကရာဇ် မခန့်မှန်းတက်တော့ဘူး သူသိတာက ဒါနေအဂ္ဂါရဲ့ပုံစံမဟုတ်ဘူး ဒါပေမဲ့နေအဂ္ဂါကသူတစ်ယောက်ထဲရှေ့မှာပဲ ဒီလိုမျိူးတွေပြုမူနေတာဘာသဘောလဲ

Before I Fall You[Completed]Where stories live. Discover now