Epi 12 ❄️ Uni

Start from the beginning
                                    

ဆက်တိုက် ကျလာတဲ့ရိုက်ချက်တွေကို အလူးအလဲ အံကြိတ်တင်းခံရင်း ညီ့ဒေါသ တွေ ပြေစေဖို့ပဲ ဆုတောင်းမိသည်
သူ အံ့ဩရသည်က သူ့ကို ရိုက်နေတဲ့ ညီ့အားတွေက နည်းနည်းမှ မခေ တချက်ထက် တချက် ပိုပြင်းလာသည် ညီ့ body က သူ့ထက် စာရင် ပိန်သည် ပြီးတော့ weak သည်
ဪ ညီက တက္ကသိုလ်တုန်းက တင်းနစ် လက်ရွေးစင်ပဲ
အင်း racket ကိုင်တဲ့ လက်ပဲ ဒီလောက်တော့ ရှိမှာပေါ့ မထူးဆန်းတော့

'ချွတ်လိုက် boxer ....

ကြားလိုက်ရသော စကားကြောင့် သူတုန်လှုပ်စွာ ညီ့ကို တချက် လှမ်းကြည့်မိသည်
ဘုရား ..ညီ အတည်ပြောနေတာ

'ညီ ...

'ဘာသံမှ မကြားချင်ဘူး ဖြိုးဆက်သွင်
ပလာဇာ လူမြင်ကွင်းရှေ့ မိုးမမြင် လေမမြင် ပလူးပလဲ ထနေတုန်းကတောင် ရှက်ရကောင်းမှန်းမသိတာ အခုမှ လာသည်းပြမနေနဲ့

ညီ သူ့ကို တော်တော်ကို အထင်လွဲနေပြီ
ညီ့ကို အလုံးစုံ ရှင်းပြချင်သည့်အချိန်ကိုရောက်ချင်ပြီ
ခုတော့ အချိန်မကျသေး
ညီက ဒီလို ဖြစ်စေချင်ရင် သူဒါ လုပ်ပေးရမည်ပေါ့
.....

မြင်လိုက် ရတဲ့ အရှိုးရာတွေကြောင့် သူခနတော့ မှင်သက်သွားသည်
သူ့ထက် အသားဖြူတော့ ဖောင်းကြွနီရဲနေတဲ့အစင်းကြောင်းတွေက ထင်းနေတယ် တချို့နေရာတွေ သွေးစို့နေသည်
အချက် 20ကျော်လောက် ရှိမည်
ဒါကို ကိုကို အသံ တချက် မထွက်
သူ့လို ခနခန အကျွေးခံနေရတဲ့လူတောင် 10ချက်ကျော်လောက်ဆို ငယ်သံပါနေပြီ
အခုမှ အသိစိတ်ာပြန်ဝင်လာတဲ့လူလို ကြိမ်လုံးကို ပစ်ချမိသည်
ကိုကို့ boxer ကို ပြန်ဝတ်ပေးတော့ တချက်တွန့်သွားသည်
သူ့ကိ​ု ပြန်လှည့်ကြည့် သည်
အရှက်ကြီးတဲ့ ကိုကို မျက်နှာကြီး ရဲတွတ်နေတာ တင်ပါးက အရှိုးရာတွေကြောင့် မဟုတ်ပဲ boxer ချွတ်ရလို့ ဖြစ်မည်
သူ့ကိုကို့ကိ​ု တော်တော် ဒုက္ခပေးမိပြီ ဒီ ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ကြောင့်

အရင်တွဲထူလိုက်ပြီး ဆိုဖာပေါ် အသာလေး ထိုင်စေကာ အကျီ ဝတ်ပေးလိုက်သည်
ခုလိုကျတော့လည်း ခလေးတစ်ယောက်လို သူလုပ်ပေးတာ ငြိမ်ခံသည်
ပုဆိုး ကောက်ကိုင်တော့ ကိုကို သူ့ဘာသာသူ ယူဝတ်သည်
ခုချိန်ထိ စကား တခွန်း မှ မပြောကြသေး

You've reached the end of published parts.

⏰ Last updated: Aug 23, 2021 ⏰

Add this story to your Library to get notified about new parts!

Sweet December ❄️Where stories live. Discover now