" မင်းတို့အားလုံး ......!!! "

" အဟင့်~~ အဟင့်~~ Daddy !! အဟင့် "

လက်တစ်ဖက်နဲ့ လှေကား လက်တန်းကို ကိုင် ကျန်လက်တစ်ဖက်ဖြင့် မျက်လုံးလေး တွေ ပွတ်ခါ ဆင်းလာတဲ့ ကလေးလေး....

ဝတ်ထားတဲ့ ညဝတ် အင်္ကျီအဖြူလေးနဲ့ ဆံပင် ထိုးထိုးထောင်ထောင်နဲ့ ကလေးဟာ အမေ​ပျောက်လို့ လိုက်ရှာနေတဲ့ ပုံစံ အတိုင်း.... ငိုမဲ့မဲ့ မျက်နှာလေးဖြင့်

" အင်း အင်း အင်း Daddy ရှိတယ် အချစ်ကလေး "

" Daddyကကြာကြီးဘဲ Daddy ကိုလွမ်းနေတာ Daddy ကပစ်ထားတယ် "

Z သူ့ကလေး ငယ်ကို မြင်မြင်ချင်း သူလေး ရှိရာဆီ သွားကာ ကလေးလေးကို  လက်တစ်ဖက်ဖြင့် ကောက်ချီလိုက်သည်..... ပေါက်စလေးကတော့ သူ့ Daddy ကို မြင်တာနဲ့ လည်ပင်းကို အတင်းမရမက ဖတ်ကာ ပုခုံးပေါ်မျက်နှာလေး အပ်ခါပြီး အလွမ်းသွယ်ကာ ကလေးတစ်ယောက်လို အီနေတော့သည် ... မသိရင် ခွေးပေါက်လေး အတိုင်း. ။

" Daddy ဒီဦးဦး တို့က ဘာလို့ ဒူးထောက်နေတာလဲဟင် "

ကြမ်းပြင်မှာ ဒူးထောက်ချ နေတဲ့ Z တပည့်တွေ ကို ကြည့်ကာ နားမလည်မဟန်နဲ့ မေးလာတဲ့ ပေါက်စသေးသေးလေး။

" အပစ်ပေးထားတာ Babe "

ပြောလိုက်တော့ အလိုမကျဟန်... မျက်မှောင်သေးသေးလေးကြုတ်ကာ.....

" အဲ့လို လုပ်ရဘူး Daddy ! လူတိုင်းကို စိတ်ကောင်းထားရမယ်လေ Daddy "

လက်ညိုးလေး တစ်ချောင်းနဲ့ Z ကိုတောင် ပြန်ဆူနေတဲ့ ကလေးပေါက်စ..။ ဖြူစင်လိုက်တာ ကလေးငယ်ရယ်..... ကလေးငယ်ထင်သလို.... လောကကြီးက အဲ့လောက်မဖြူစင်ဘူး...။

Z မှာတော့ ကလေးငယ် ပုံစံလေးကိုချစ်မဝ စကား​တောင် ပြန်မပြောနိုင်...... သူ့ကလေးငယ်ကို ငေးကြည့်နေသည်...။

" Daddy နော် ~~~ Daddy ဦးဦး တို့ကို အပစ်မပေးပါနဲ့နော် Daddy~~~~ Daddy ယောက်ကျားရေ~~~~ "

Z ကိုယ်မှာ အပြီအပြင်ချွဲနေတဲ့ ကလေးလေး.....။

" ယောက်ကျားရေ~~~~ "

Z အတွေးထဲ နစ်မြောနေတာ ကလေးငယ် သတိပေးတော့မှ အတွေးများရပ်တန့်ကာ...

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now