Jason သည် အတွင်းရေးမှုး ခေါ်သံကြောင့် သူ့အလှည့်ရောက်လာမယ်သိလိုက်ရသည်။

"Noah ငါ့အလှည့်ရောက်ပြီ သွားလိုက်အုန်းမယ် ဆုတောင်းပေးအုန်း ''

"အင်း ကိုယ့်ရဲ့ Jason လေး အောင်မြင်ပါစေ''

"အင်း ''

Noah သည် ကျောပြင်လေးကို ငေးကြည့်ရင်း ဝေးရမည်ကို ခံစားမိလာသည်။
သူ့နှလုံးသားက အောင့်တက်လာကာ
သွေးတွေတစ်ပွက်ပွက်ဆူနေသလိုပင်။

'ဒါ ဘယ်လိုခံစားချက်ကြီးလဲ
ငါ အရမ်း ပင်ပန်းတယ်'

............

ရှောင်းကျန့်သည် ရုံးခန်းထဲဝင်ဝင်ချင်း
ထိတ်လန့်သွားရသည်။

သူ့အား တစ်စုံတစ်ယောက်က တစ်ခုခုလုပ်မည့်အလား
ခန္ဓာကိုယ်ပင် တောင့်တင်းအေးစက်သွားရသည်။

'ဧကန္တ Lucas က ငါထင်သလိုများလား'

လူတစ်ယောက်မှမရှိသည့် အေးစက်သော ရုံးခန်းက ခြောက်ခြားဖွယ်ပင်။

မှန်ပြတင်းကို အခုတော့ ကန့်လန့်ကာအမည်းကြီးချလိုက်တာကြောင့် အပြင်ဘက်ကို မမြင်ရသလို မီးမထွန်းထားတာကြောင့် အတွင်းထဲကိုလည်း မမြင်ရပေ။ 

" ကြောက်နေပြီလား ကလေးငယ် ''

သြရှနေသည့်အသံက လည်ဂုတ်နားမှကျီစယ်ပေါ်ထွက်လာတာဖြစ်ပြီး ရှောင်းကျန့်ခန္ဓာကိုယ်က မတ်သွားသည်။ ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး တစ်ကိုယ်လုံး ရှိသမျှအမွှေးတွေအကုန်ထောင်သွားလိုတောင်ခံစားရသည်။

"Lu lucas? "

"အင်း ဟုတ်တယ် ဘာဖြစ်နေတာလဲ ''

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး မီးထွန်းလေ ''

"Jason ကိုယ်မင်းကို မေးစရာရှိတယ် တခြားတော့မဟုတ်ပါဘူး သူ့ကို ရွေးချယ်ထားတာလား ဆိုတာပဲသိချင်တာ ''

Lucas က မှိန်ပျပျမီးတစ်ပွင့်ထွန်းလိုက်ပြီး Jason ကိုစိုက်ကြည့်လျက်ဆိုသည်။

"မဟုတ်ဘူး မဟုတ်ပါဘူး ''

ရှောင်းကျန့်အကြောက်အကန်ဖြေရှင်းလိုက်သည်။
သူထင်တာမှန်သည်။
Lucas က သူ့၏ ချစ်ရသူဖြစ်သည်။
သို့သော် သူနားမလည်တာတစ်ခုတော့ရှိသည်။
အခုဘဝကသူ့ချစ်သူသည် သူ့အပေါ်မှာ ရယူပိုင်ဆိုင်လိုစိတ်အရမ်းကြီးမားနေသည်။

Peculiarly System [Completed ]Where stories live. Discover now