Chapter 16: She's on the verge of tears-U/Z

382 42 1
                                    

UNICODE

လုလီကတော့လူကြီးတွေဘာဖြစ်နေတာလဲမသိဘူး။

သူမသိတာ..ဒီတစ်ခါတော့သူမပါပါးကသူမကို 'ပါပါး' လိုေ့ခေါ်တာကိုမကန့်ကွက်သလို..သူမကိုလဲကန်မထုတ် တော့ဘူး။

သူမကလုဂျင်ဟန်ဘောင်းဘီကိုလက်သေးသေးနဲ့ဆွဲကာချစ်စရာနှင်းလိုဖြူတဲ့မျက်နှာလေးကိုမော့ပြီး စုန့်ချင်းဝမ် ကိုချစ်ခင်စွာကြည့်လိုက်သည်။သူမမျက်တောင်ရှည်တွေ တဖျတ်ဖျတ်ခတ်နေပုံကအရမ်းချစ်စရာကောင်းနေသည်။

"အန်တီကအရမ်းအံ့သြဖို့ကောင်းတယ်..တကယ်ပဲ လီလီရဲ့ ပါပါးကိုရှာပေးနိုင်တယ်!"

"......"

စုန့်ချင်းဝမ်ကခဏဆွံ့အနေပြီးတော့မှ..ပြန်ပြီးသတိဝင် လာပြီးမယုံကြည်နိုင်စွာလုလီကိုတလှည့်လုဂျင်ဟန်ကို တလှည့်ကြည့်နေသည်။အချိန်အတော်ကြာမှသူမကအ ထေ့ထေ့အငေ့ါငေ့ါဖြင့်

"သူမ...တကယ်ပဲ..နင့်သမီးလား?"

လုဂျင်ဟန်မျက်နှာကအမူယာမဲ့နေပြီးနွေးထွေးမှုမရှိတဲ့ အသံနဲ့ပြတ်သားစွာပြောလိုက်သည်။

"မဟုတ်ဘူး"

စုန့်ချင်းဝမ်ကသူ့စကားနားထောင်ရင်းအပြစ်ကင်းစင်တဲ့လုလီမျက်နှာလေးကိုကြည့်ကာရုတ်တရက်လုဂျင်ဟန်ရဲ့ ပခုံးကိုရိုက်ပြီးကျယ်လောင်စွာရယ်မောလိုက်သည်။

"ဟဟဟဟဟ..နင်ကလူတော်လေးပဲ!အရမ်းမြန်တယ်! ငါနှစ်ပေါင်းများစွာမြေးလိုချင်ခဲ့တာ..အခုတကယ်ပဲနင်င့ါကို တစ်ယောက်ပေးခဲ့တာပဲ..ငါပြောသားပဲ...ဒီကလေးကလု ကပါလို့..အခုကြည့်..တကယ်ပဲ..လုမျိုးစေ့ဖြစ်နေတာပဲ.."

လုဂျင်ကသူ့ကိုအေးစက်စွာကြည့်ရင်းထပ်ပြောလိုက်၏

"မဟုတ်ဘူး.."

စုန့်ချင်းဝမ်ကခါးကိုင်းကာလုလီကိုကြည့်ပြီးသူမဘာသာ ရေရွတ်လိုက်သည်။

"အာ...သမီးကဒီလောက်ကြီးနေပြီ..နင်ဘယ်တုန်းကမွေး ထားတာလဲ?ဘယ်သူနဲ့လဲ?ဘာလို့ငါမသိတာလဲ?"

"သူမမဟုတ်ဘူးလို့ကျွန်တော်ပြောနေတယ်......"

သူမကမေးစေ့တွေကိုနှစ်ခါလောက်ပွတ်လိုက်ပြီးတော့

I Became the Villain's Own DaughterWhere stories live. Discover now