Chapter 55 (Zawgyi)

Start from the beginning
                                    

Mcqueen က ချန်းလျှို့ကို ဝါးစားတော့မတက် မျက်လုံးများဖြင့် ခက်ထန်စွာ ကြည့်နေလေသည် ။

ကျွန်တော့်အနေဖြင့် ယနေ့ ဖြစ်ပျက်ခဲ့သမျှအား Mcqueen ထံ ဖုံးကွယ်ထားဖို့ စိတ်ကူး မရှိပေ ။ သို့သော်လည်း ချန်းလျှို့ ကျွန်တော့်အား ယနေ့ ဆက်ဆံ ခဲ့ပုံကိုတော့ Mcqueen အား မသိစေလိုပါ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျွန်တော့်အနေဖြင့် ယနေ့ ဖြစ်ပျက်ခဲ့သမျှအား Mcqueen ထံ ဖုံးကွယ်ထားဖို့ စိတ်ကူး မရှိပေ ။
သို့သော်လည်း ချန်းလျှို့ ကျွန်တော့်အား ယနေ့ ဆက်ဆံ ခဲ့ပုံကိုတော့ Mcqueen အား မသိစေလိုပါ ။

ကျွန်တော်နှင့် Mcqueen တို့၏ ဆက်ဆံရေးမှာ အချိန် တစ်ခု အကြာကတည်းက ပြီးဆုံးသွားခဲ့သည့်တိုင်အောင်ပေါ့လေ ။

" ဒါ တကယ်ပဲ ကိစ္စမရှိဘူး... ယော့ဝန်း... ကိုယ် ဒီနေ့ ဒီကို လာတာ မင်းကို ဘာတွေ ဖြစ်ခဲ့လဲ ဆိုပြီး မေးခွန်း ထုတ်ဖို့ မဟုတ်ဘူး... "
Mcqueen က မျက်လုံးကို မှိတ်လိုက်ပြီး အားတင်း ပြောလာသည် ။

" ကိုယ်က ဒီအတိုင်း... ဒီအတိုင်း... မင်းကို တောင်းပန်စကား ပြောချင်လို့ လာခဲ့တာ ယော့ဝန်း... "

Mcqueen က သူ့လက်များကို ကျွန်တော့် ပုခုံးပေါ် တင်ထားရင်း ဆိုလေသည် ။

" အဲ့တုန်းက ကိုယ် မင်းအပေါ် ပြောခဲ့တဲ့ စကားတွေက ကိုယ့်စိတ်ထဲ တကယ်ပါလို့ ပြောခဲ့တာ မဟုတ်ဘူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" အဲ့တုန်းက ကိုယ် မင်းအပေါ် ပြောခဲ့တဲ့ စကားတွေက ကိုယ့်စိတ်ထဲ တကယ်ပါလို့ ပြောခဲ့တာ မဟုတ်ဘူး... ကိုယ် အဲ့တုန်းက မင်းကို ပြန်တောင်းပန်ဖို့ လုပ်ခဲ့ပေမယ့် ကိုယ့်မှာ သတ္တိမရှိခဲ့ဘူး... အဲ့သည့်အစား ပေါက်ကရတွေပဲ ကိုယ် လုပ်ခဲ့မိတယ်... အဲ့အချိန်တုန်းက ကိုယ် ကိုယ့်ကိုယ်ကို မရိုးသားခဲ့မိဘူး... ဘာလို့လဲဆိုတော့ မင်းကို လမ်းမှားရောက်အောင် ဆွဲခေါ်သွားခဲ့တာ ကိုယ်ကိုယ်တိုင်ပဲ ဆိုတာကို ကိုယ် ဝန်ခံဖို့ ခွန်အား မရှိခဲ့လို့ပဲ... ပြီးတော့ ကိုယ့်ကိုယ်ကို မုန်းတီးခဲ့မိတယ်... လူတွေရဲ့ အထင်သေးစက်ဆုပ်တာကို ခံရလို့ မုန်းတီးတာ မဟုတ်ဘဲ မင်းကို လမ်းမှားပေါ်ရောက်အောင် တွန်းပို့ခဲ့တဲ့ တစ်စိတ်တစ်ဒေသက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေခဲ့လို့ ကိုယ့်ကိုယ်ကို မုန်းတီးခဲ့မိတာ... မင်းနဲ့ ပတ်သတ်လာရင် ကိုယ်ဟာ ကိုယ့်ကိုယ်ကို အမြဲ အရှက်ရမိခဲ့တယ်... မင်းအပေါ် ပြင်းထန် ရက်စက်ခဲ့မိတဲ့အတွက်လည်း ကိုယ့်ကိုယ်ကို မုန်းတီးခဲ့မိတယ်... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now