"ငါ့အတွက်လား"

"အင်း..hyungအတွက်"

"အော် ဒီလိုဆို့တော့မင်းကလိမ္မာလိုက်တာjungkook.... ငါရဲ့လိမ္မာတဲ့ကလေးလေးအမှတ်ကောင်းကောင်းရမယ်မလား"

"ကလေးလေး.."

"အင်းမင်းကငါ့ရဲ့လိမ္မာတဲ့ကလေးလေး...
ဖြေစမ်းပါဟ ဒီကhyungကသေချာမေးနေတာကို"

Jungkookကတစ်ချက်ပြုံးလိုက်ရင်းခေါင်းခါသည်။
သူ့ကိုကလေးလေးတဲ့လေ...
hyungဆိုတဲ့သူက ကလေးလေးထက်တောင်
ပိစိလေးဖြစ်နေတာမသိလေလား...

"မင်းပြုံးလိုက်တာပဲjungkook မင်းပြုံးတာဒီလောက်ကြည့်ကောင်းတာ များများပြုံးစမ်းပါ "

Jungkookကကားကိုဂရုစိုက်မောင်းနေပြီးလှည့်မကြည့်တာကြောင့် taehyungနူတ်ခမ်းလေးဆူသွားကာ မကျေမနပ်လေးပြောလာသည်။

"ဟွန်း ငါကမင်းပင်ပန်းနေမှာစိုးလို့ပျော်ရအောင်ပြောတာကို အရေးမစိုက်ဘူးပေါ့လေ။ မင်းကတစ်ကယ်ဆိုးတာပဲ အခုနကလိမ္မာတဲ့ကလေးလေးဆိုတာပြန်ဖျက်သိမ်းတယ်"

တတ်လည်းတတ်နိုင်လွန်းပါတယ်။
လိမ္မာတယ်ဆိုတော့လည်းသူ၊ပြန်ဖျက်သိမ်းတော့လည်းသူ။
စကားတွေဆက်တိုက်ပြောနေတာမမောဘူးလား။ ပြောလိုက်တိုင်းဆူထွက်လာတဲ့နူတ်ခမ်းရဲရဲလေးတွေကြောင့် လှည့်မကြည့်ဖြစ်တာထိုhyungပေါက်မသိ။
Hyungရဲ့နူတ်ခမ်းတွေကအရမ်းအန္တရယ်များလွန်းတယ်။

"တော်ပြီတော်ပြီ ငါအခုအကောင်းပြောမယ် ငါတို့စာမေးပွဲလည်းပြီးပြီဆိုတော့ဒီညနေညစာကောင်းကောင်းချက်စားပြီးဂုဏ်​ပြု
သင့်တယ်မလား ဒါကြောင့်marketကိုပဲမောင်းတော့"

ထိုအခါမှjungkookကလှည့်ကြည့်လာသည်။

"ပင်ပန်းနေတာမလားhyung ဘာလို့ချက်မှာလဲ"

"Yarr ငါတို့ဂုဏ်ပြုပွဲလုပ်သင့်ပါတယ်ဆိုနေ။
ငါတို့စာမေးပွဲအတွက်အများကြီးပင်ပန်းနေခဲ့တာမလား ဒီနေ့အရသာရှိတာတွေကိုစားပြီးပင်ပန်းတာတွေဖြေဖျောက်ရမယ်"

"မနက်မှမရဘူးလား"

"ဟင့်အင်း မရပါဘူးဒီနေ့ပဲလုပ်မှာ။
Marketလိုက်ပို့ပေး"

ONE & ONLY  [Complete ]Where stories live. Discover now