part(12)

5.3K 525 42
                                        

Unicode

Daeguမှာနှစ်ရက်လောက်သာနေခဲ့ကြ
ပြီး စာမေးပွဲနီးနေတာကြောင့်သူတို့ပြန်ရောက်နေခဲ့ကြပြီဖြစ်သည်။ အခုစာမေးပွဲကြီးကနောက်ဆုံးဖြစ်တာကြောင့် ကျောင်းသားတိုင်းအတွက်အရေးကြီးတာအမှန်ပင်ဖြစ်ရာကျောင်းမှာခွင့်တိုင်ခဲ့ပေမဲ့ ဆရာရဲ့ခေါ်တွေ့ခြင်းကိုခံနေရသည်။ အခုချိန်ရုံးခန်းထဲရောက်နေကြသောjungkookနှင့်taehyung။

"ဟုတ်လား...ဆရာလည်းစိတ်မကောင်းပါဘူးtaehyungရယ်....
အခုစာမေးပွဲကအရမ်းကိုနီးနေပြီဆိုတော့စိတ်ညစ်စရာတွေကိုခဏဘေးဖယ်ပြီးစာမေးပွဲအတွက်အကောင်းဆုံးကြိုးစားဖို့တော့ ဆရာအကြံပေးပါရစေ။
ကြိုးစားလာသမျှက အခုစာမေးပွဲရောက်မှမပျက်သွားစေချင်ဘူးကွယ်"

အဘွားဆုံးသွားကြောင်းဆရာ့ကိုပြောပြတော့ နားလည်ပေးတဲ့ဆရာက ဆရာကောင်းပီသစွာစာမေးပွဲကိုဂရုစိုက်ဖို့ကြံပြု၏။

"ဟုတ်ကဲ့ဆရာ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"

ဆရာကtaehyungကိုကြည့်ကာခေါင်းညိတ်ပြပြီး နောက်ထပ်အကြည့်တွေကရပ်နေတဲ့jungkookဆီမှာဖြစ်သည်။
သက်ပြင်းတစ်ခေါက်ချလိုက်ရင်း ပြောလာသောဆရာကjungkookကိုလေးလေးနက်နက်စိုက်ကြည့်၏။

"Jungkook ahမင်းကိုဆရာပြောချင်တာကတော့အခုစာမေးပွဲမှာမင်းရဲ့အရည်အချင်းတွေအကုန်ထုတ်ပြဖို့ပဲ....
သေချာပြောရရင်မင်းရဲ့အရည်အချင်းအမှန်ကိုပေါ့....မင်းရဲ့အရည်အချင်းတွေကိုဆရာ
ခန့်မှန်းမိတယ်..ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အခုစာမေးပွဲကိုအကောင်းဆုံးဖြေဆိုဖို့အကြံပြုချင်တယ်"

Jungkookကခဏအသံတိတ်နေပြီးမှ ခေါင်းညိတ်ရင်းပြန်ဖြေလာသည်။

"ကျွန်တော်ကြိုးစားပါ့မယ်ဆရာ"

"အင်း... အခုနောက်ဆုံးစာမေးပွဲကြီးရဲ့အမှတ်တွေကမင်းတို့ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာမှာမို့ကြိုးစားကြပါ။ ဆရာတိုင်းကတော့ကိုယ့်ရဲ့ကျောင်းသားတိုင်းကိုအကောင်းဆုံးတွေရစေချင်တာချည်းပါပဲ...
အခုဆရာလည်း တော်လွန်းတဲ့မင်းတို့ကို ထိုက်တန်တဲ့အကောင်းဆုံးတွေကိုပဲပိုင်ဆိုင်စေချင်တယ်...ဆရာပြောတာနားလည်ကြတယ်မလား"

ONE & ONLY  [Complete ]Where stories live. Discover now