တစ်ယောက်တည်းကြောက်လန့်စွာနိုးလာခဲ့ရသည့်ခြောက်ခြားဖွယ်ညတွေရဲ့တစ်ခုသောညမှာ hyungကပထမဆုံးနွေးထွေးပေးခဲ့သလိုကြောက်လန့်နေတဲ့သူ့ရဲ့အနားမှာအတူရှိနေပေးခဲ့သည်။ တစ်ညတည်းဆိုပေမဲ့ ထိုတစ်ညတာမှာခံစားခဲ့ရသည့်နွေးထွေးမူတွေက သူ့အတွက်ကမ္ဘာကြီးအလား။
အေးစက်နေတဲ့ညနက်ထဲအိမ်မက်ဆိုးတွေ
ထဲပိတ်မိနေတဲ့သူ့ကိုပထမဆုံးကယ်ထုတ်
နွေးထွေးပေးခဲ့တဲ့hyung....
ခြောက်ခြားကြောက်လန့်နေတဲ့အချိန်အနားမှာအတူရှိပေးခဲ့တဲ့hyung....
အေးစက်နေတဲ့လက်တစ်စုံကိုနွေးထွေးစွာဆုတ်ကိုင်ပေးခဲ့တဲ့hyung....
ထိုမှနေhyungကသူ့ဘဝရဲ့တစ်ခုတည်းသောအနွေးဓာတ်ရောင်ခြည်လေးဖြစ်လာခဲ့သည်။
"Jungkook"
စိတ်နဲ့ကိုယ်မကပ်ရှိနေတုန်း hyungကသူ့ကိုခေါ်လာခြင်းဖြစ်သည်။
အသံကြောင့်လှည့်ကြည့်လိုက်မိတော့ hyungကကားတံခါးပေါက်ဘေးမှာရပ်နေကာသူ့ကိုကြည့်နေ၏။
တံခါးlockချထားမိတာကြောင့် lockကိုဖြေကာတံခါးဖွင့်ပေးလိုက်တော့ကားပေါ်တက်လာတဲ့hyung။ ကားပေါ်ရောက်ချင်းမှပင်ဆက်တိုက်ပြောလာသောစကားသံတွေကကားထဲညံ့လို့။
"ဘာတွေတွေးနေတာလဲjungkook....
ငါခေါ်နေတာကြာလှပြီ ငါကမင်းငုတ်တုတ်ထိုင်ပြီးအသက်မှရူသေးရဲ့လားလို့"
"Hyungကစိတ်ပူလို့လား"
Jungkookကကားကိုမောင်းလိုက်ရင်းမှပြောလာသည်။ထိုစကားကြောင့်Taehyungက ခဏမဆိုလောက်တဲ့စက္ကန့်ပိုင်း
လေးငြိမ်သွားပြီးမှပြန်ဖြေ၏။
"အင်းပေါ့ မင်းကငါ့အနားမှာရှိတဲ့တစ်ယောက်တည်းသောသူပဲလေ...
စိတ်မပူရဘူးလား "
Jungkookကဘာမှမပြောပဲ ကားမောင်းနေရင်းမှtaehyungကိုတစ်ချက်ဝေ့ကြည့်ပြီး အရှေ့ကိုပြန်လှည့်သွားသည်။
"အား အခုခံစားချက်ကကောင်းလိုက်တာ။
နောက်ဆုံးတော့စာမေးပွဲကြီးပြီးခဲ့ပြီပဲ....
ဒီအတောအတွင်းပင်ပန်းလိုက်တာ အခုမှပဲ တစ်ခန္ဒာလုံးပေါ့ပါးသွားသလိုနေလို့ကောင်းနေရော"
ထိုအချိန်သူ့မျက်နှာရှေ့ရောက်လာသော စတော်ဗယ်ရီဖျော်ရည်ဘူးလေး။
Jungkookက ကားကိုလက်တစ်ဖက်ဖြင့်ထိန်းမောင်းနေပြီး ကျန်တစ်ဖက်ဖြင့်ကမ်းပေးလာခြင်းဖြစ်သည်။
part(12)
Comenzar desde el principio
![ONE & ONLY [Complete ]](https://img.wattpad.com/cover/277232260-64-k792844.jpg)