Part 19

2.8K 584 117
                                    

ဒေါက် ဒေါက်

တိုးညင်း၍ညင်သာသော တံခါးခေါက်သံ။
Baekhyun ထိုင်နေရာမှနောက်လှည့်ကြည့်ဖြစ်သည်။

" ခဏ ဝင်ခဲ့ပါ့မယ် "

ခွင့်တောင်းပြီးမှ ခပ်ဖြည်းဖြည်းပွင့်လာသော
တံခါးနောက်တွင် ကိတ်မုန့်တစ်ခုနဲ့ကော်ဖီခွက်
ထည့်ထားသော ဗန်းကိုကိုင်ဆောင်ထားတဲ့
အိမ်တော်ထိန်းကိုတွေ့လိုက်ရသည်။

" Boss က ဒီနေ့အလုပ်ကိစ္စကြောင့်အပြင်စောစောသွားလို့ မနက်စာအတူမစားနိူင်ဘူးလို့ပြောခဲ့ပါတယ်
ဒီမှာ လူကြီးမင်းအတွက် မနက်စာပါ "

သီးစုံကိတ်မုန့်တစ်တုံးနဲ့ကော်ဖီတစ်ခွက်ကို
baekhyun ထိုင်နေတဲ့စားပွဲပေါ်တင်ပေးလာသည်။
baekhyun သည် မနေ့ညကဆေးသွင်းထားရတာ
မို့ပိုက်တန်းလန်းနဲ့ဖြစ်သည်။
ကျောက်ပတ်တီးကတော့
လွန်ခဲ့တဲ့သုံးရက်ကဖြည်ခဲ့ပြီးပြီ။
ကိုယ်ပေါ်တွင်စောင်ပါးပါးတစ်ထည်ခြုံထားပြီး အခြားစောင်တစ်ထည်က
Baekhyun ထိုင်နေတဲ့စားပွဲအောက်ပြုတ်ကျနေသည်။ခေါင်းအုန်းများဟာ
ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေပြီး
အခန်းထဲတွင်ရှိသော ပြတင်းပေါက်အားလုံးကို
တိပ်အမဲတွေနဲ့လိုက်ကပ်ထားတာကြောင့်
အခန်းက အမှောင်ကျနေသည်။
နေရောင်ရမှ ပွင့်တတ်သော တရုတ်နှင်းဆီပန်းခင်းဟာ အပွင့်တွေသေကုန်ပြီဖြစ်သည်။

အောက်ကျနေသောစောင်တွေကိုကောက်သိမ်းကာ
သေချာခေါက်၍ အနည်းငယ်ပွနေတဲ့ အခန်းကို
စိတ်ရှည်လက်ရှည်သေချာရှင်းလင်းနေသည့်
အိမ်တော်ထိန်းကို
baekhyun ကော်ဖီသောက်ရင်း ထိုင်ကြည့်နေသည်။

" ဦးလေး ဒီမှာအလုပ်လုပ်တာကြာပြီလား "

အိမ်တော်ထိန်းက baekhyun ​၏မေးခွန်းကိုကြားတဲ့အခါ လုပ်လက်စအားလုံးကိုရပ်တန့်ပြီးနောက်မှ
baekhyun ရှိရာကိုသေချာလှည့်ကြည့်ပြီး
ပြန်ဖြေသည်။

" ကျွန်တော့်လုပ်သက်က အနှစ် ၂၀ ရှိပါပြီ "

" အနှစ်နှစ်ဆယ်လုံး parkchanyeol ဘေးမှာရှိခဲ့တာလား "

" ဟုတ်ပါတယ် Boss ၈ နှစ်သားအရွယ်ကတည်းက ကျွန်တော်ထိန်းကျောင်းလာခဲ့တာပါ "

DO YOUWhere stories live. Discover now