🎄_2

1.4K 166 8
                                    

Unicode







တိုက်နေတဲ့လေအေးတွေ ချက်ချင်းကြီး ရပ်တန့်သွားတာမို့ စုံမှိတ်ထားတဲ့မျက်ဝန်းတွေ ပြန်ဖွင့်ကြည့်လိုက်တော့ .. သူ့ရှေ့ ခြေစုံရပ်နေတဲ့ ကျန့်ကောကို တွေ့ရတယ် .. ။

ဝါကြန့်ကြန့်မီးတိုင်ရဲ့ အလင်းဖျော့က ပုခုံးထက်ဖြာကျလို့ .. ။ ကောရဲ့မျက်နှာတစ်ခြမ်းကိုတော့ သစ်ကိုင်းငယ်တွေရဲ့အရိပ်နဲ့ တစ်ဝက်ဖုံးကွယ်လို့ .. ။

မီးတိုင်ဘေးနားဆီက နှင်းလူရုပ်ကိုတော့ မာဖလာလေးကင်းမဲ့လျက်အတိုင်းပဲ တွေ့ရပြန်တယ် .. ။ ခုဏ လေပြင်းတိုက်ချိန်မှာ လွင့်ပါသွားတယ်ပဲ ထင်ပါတယ် .. ။

“ ကော .. ကျွန်တော်က တောင်းပန်ပါတယ် .. ”

“ ဘာအတွက်လဲ .. ”

“ ... ”

အေးစက်မှုန်မှိုင်းနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ကောက ပြန်ပြီးမေးခွန်းထုတ်လာခဲ့တယ် .. ။ အနည်းငယ် အက်ကွဲနေတဲ့လေသံအရ သူ့ကို စိတ်ဆိုးနေပြန်ပြီထင်တယ် .. ။

တကယ်တော့ သူလဲ သိပါတယ် .. ။
အမြဲတမ်းမှာ တောင်းပန်တိုးလျှိုးမနေသင့်ကြောင်း .. ။ သူတို့အချစ်ရေးကို ထပ်ပြီး ဖုံးကွယ်မထားသင့်တော့ကြောင်း .. ။  အခုလိုမျိုး ရှေ့နောက်မဆင်ခြင်ဘဲ ပြေးထွက်မလာသင့်ကြောင်း .. ။ အကုန်လုံးကို သိတယ် .. ။

ကောသာ စိတ်ဆိုးမယ်ဆိုလဲ ဒါဖြစ်သင့်တာပါပဲ .. ။

“ အေးနေတယ်မလား .. ”

“ စိတ်မဆိုးတော့ဘူးလား .. ”

“ ဘာကို စိတ်ဆိုးရမှာလဲ .. ”

“ ... ”

ဘာမှပြန်မဖြေဘဲ ခေါင်းသာ ခါယမ်းပြလိုက်တယ် .. ။ အပေါ်ထပ် အနွေးဂျက်ကတ်ကိုချွတ်ပြီး သူ့ပုခုံးထက် လွှားခြုံပေးလာတဲ့ကောကတော့ ဒါကိုလဲ သတိမထားမိဘူးထင်ပါရဲ့ .. ။

သူ့ပုခုံးစွန်းထက်က ကောရဲ့လက်တွေ ပြန်ရုတ်မသွားခင်လေးမှာဘဲ ကောရင်ခွင်ထဲ တိုးဝင်မှီချပစ်လိုက်တယ် .. ။ ဘာရယ်မဟုတ်ပါဘဲ .. ကော အခုဝတ်ထားတဲ့ လိမ္မော်ရောင်‌လှိုင်းတွန့်တွေနဲ့ ဆွယ်တာထူထူထက် ခေါင်းမှီရင်း သူ့စိတ်ထဲ တစ်ခုခုလွဲချော်နေသလိုလဲ ခံစားရတယ် .. ။ စတွဲကြချိန်ကတည်းက အမြဲတမ်းမှာ သူနဲ့အတူပဲ ရှောပင်းထွက်လေ့ရှိတဲ့ ကောက .. ဒီဆွယ်တာကိုတော့ သူသတိမထားလိုက်မိတဲ့ ဘယ်တုန်းကများ ဝယ်ထားပါလိမ့်ပဲ .. ။

𝚆𝚑𝚘 ? 𝚆𝚑𝚘𝚖 ? 𝚆𝚑𝚘𝚜𝚎 ? 「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Donde viven las historias. Descúbrelo ahora