Uni

3.7K 298 98
                                    

"ဒီအိမ်ပဲ မိုးညို"

အရှေ့မှာရှိတဲ့ အိမ်ကြီးကိုကြည့်ပြီး ကျွန်တော့်မှာ ပါးစပ်အဟောင်းသား။ ခမ်းနားလိုက်တာ။ ကြီးကျယ်လိုက်တာဆိုတာလေ...

"ကိုယ်က တစ်ခါတလေမှ လာဖြစ်မှာမို့ ဒီအိမ်မှာ မင်းလွတ်လွတ်လပ်လပ် နေလို့ရတယ်"

"ကျေးဇူးတင်ပါတယ် ကိုပြည့်စုံ"

"ဒါက နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတာမို့ ကျေးဇူးတင်စရာ မလိုပါဘူးကွာ။ မင်း တစ်ယောက်တည်းတော့ နေရဲတယ်မလား"

"ဟုတ်ကဲ့။ ကျွန်တော်နေရဲပါတယ်"

"ဟုတ်ပြီ။ ဒါဆို မင်းအတွက် လိုအပ်တာတွေ သွားဝယ်ကြရအောင်"

"ဟို... ကျွန်တော်တွက် မလို..."

"မင်း ဒီနေ့မှ ဂေဟာကထွက်လာတာမလား။ အဲ့တော့ ဘာအသုံးအဆောင်ပစ္စည်းမှ ရှိသေးမှာမဟုတ်ဘူးလေ။ လိုအပ်လို့ ဝယ်ပေးတာမို့ အေးအေးဆေးဆေး လက်ခံလိုက်"

ပြောပြီး လှည့်ထွက်သွားတာမို့ ကျွန်တော်က အနောက်ကနေ အမြန်လိုက်ရတယ်။

ကျွန်တော် ကိုပြည့်စုံနဲ့စတွေ့တဲ့နေ့ကို ပြန်အမှတ်ရမိတယ်။ အဲ့တုန်းက ကျွန်တော့်အသက် (12)နှစ်။ ကိုပြည့်စုံတို့မိသားစုက ကျွန်တော်တို့ဂေဟာမှာလာပြီး အလှူလုပ်ကြတယ်။

အမေလုပ်တဲ့သူက သားသားဆိုတာကို ပါးစပ်ဖျားကမချသလို အဖေလုပ်တဲ့သူလည်းဘာထူးလဲ သားလေး သားလေးနဲ့ အရမ်းကိုချစ်ပြနေတယ်။ ကျွန်တော့်ကို အကျင့်ပုပ်တယ်ပဲဆိုဆို ကျွန်တော့်အရှေ့မှာ တအားချစ်ပြီး ပျော်ရွှင်ပြနေတဲ့ မိသားစုတွေဆို ကျွန်တော်ကြည့်မရဘူး။ မုန်းလည်းမုန်းတယ်။ အဲ့ဒါကြောင့် ကျွန်တော် သူတို့နဲ့ရောနှောမနေဘူး။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပဲ ချောင်မှာကပ်နေလိုက်တယ်။

အဲ့ဒီနေ့က တစ်ယောက်တည်းပဲသီးသန့်နေနေတဲ့ ကျွန်တော့်အနားကို ကိုပြည့်စုံရောက်လာခဲ့တယ်။

"နာမည်ဘယ်လိုခေါ်လဲကလေး"

"ဗျာ!!"

"မင်းနာမည် ဘယ်လိုခေါ်လဲလို့"

"မိုးညိုပါ"

"သြော်... မိုးညိုတဲ့လား... မဆိုးဘူး မိုးခေါင်တဲ့နေရာတွေဆို မင်းကိုခေါ်သွားလို့ရတယ်"

The Tenth ( One Shot) Where stories live. Discover now