အပိုင်း (၃၈)

Comincia dall'inizio
                                    

ချွန်းယွီသည် စိတ်မရှည်လွန်းလှ၍ ဒေါသပေါက်ကွဲချင်စိတ်ပင် ပေါ်လာခဲ့သည်။ သို့သော် ချင်ရှင်းမှ သခင်လေးအား လာတွေ့ခြင်းသည် ဟန်ပြသက်သက်လာခြင်းဖြစ်လျှင်တောင်မှ သူမအနေဖြင့် စိတ်ရှည်သည်းခံယုံမှအပ အခြားမရှိပေ။ အရင်ဆုံးတော့ သူမအား ပြန်သွားရန် စကားလမ်းကြောင်းရဦးမည်။

        "မိန်းကလေး ချွန်းယွီ...ဝမ်ဖေးကို ကောင်းကောင်း ဂရုစိုက်ပေးပါကွယ်..."

"စီ့ဖေးမယ်မယ်ရဲ့ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်...ကျွန်တော်မျိုးမ လိုက်နာပါ့မယ်..."

လူအား လိုက်ပို့လိုက်ပြီးနောက် ချွန်းယွီသည် သူမ၏သခင်လေးဆီသို့ မသွားသေးပေ။ ထိုအစား တုန်းရွှယ်အား အပြေးလေး သွားရှာလေသည်။ တုန်းရွှယ်တယောက် ဘယ်လိုဖြစ်ရသည်မသိ။ မနေ့က ယန်မောမော့ဆီမှ ပြန်လာပြီးနောက် ဘာစကားမှမပြောဘဲ အသံတိတ်နေတာပဲဖြစ်သည်။ တယောက်တည်း ဘာတွေတွေးနေသည်အားလည်း သူမ မသိပေ။

"အရင်တုန်းကလည်း ဝမ်ရယ်က သခင်လေးအပေါ်မှာ ဒေါသမထွက်ဖူးတာတော့ မဟုတ်ပေမယ့် ညအချိန်ရောက်တိုင်း အနားယူဖို့ပြန်လာတတ်တယ်...မနေ့ကကျတော့ ဝမ်ရယ်က သခင်လေးကို အပြစ်ပေးသွားတယ်...ပြီးတော့ ညရောက်တော့လည်း ပြန်မလာပြန်ဘူး... ဝမ်ရယ် အရင်တုန်းက အဲ့လိုမျိုးမဟုတ်ပါဘူး..."

စီ့ဖေးတွေ အိမ်တော်မဝင်လာကတည်းကပင် ထိုသို့သောနေ့မျိုးရောက်လာခဲ့မည်အား တုန်းရွှယ် စိတ်ပူနေခဲ့တာပင်။ စီ့ဖေးများ အိမ်တော်ဝင်ခဲ့လာပြီးနောက်တွင်တော့ ဝမ်ရယ်မှ သူတို့အား သဘောမကျသည်ကိုတွေ့ပါမှ တုန်းရွှယ်တယောက် ခက်ခက်ခဲခဲ စိတ်အေးသွားရတာပဲဖြစ်သည်။ သူမသည် သခင်လေးနှင့် ဝမ်ရယ်အား နှစ်ဦးသားအတူ အချိန်ကုန်ဆုံးကြပြီး တဖြည်းဖြည်း ခံစားချက်တို့ ငြိတွယ်တိုးတက်စေချင်တာဖြစ်သည်။ သို့မှသာ နောင်အနာဂတ်တွင် မတော်တဆ ဝမ်ရယ့်ထံတွင် သဘောကျသည့်အမျိုးသမီးရှိလာသည့်တိုင် သခင်လေးအပေါ်တွင် ဆက်၍ ကောင်းကောင်းဆက်ဆံပေးမည်ဖြစ်သည်။ သို့သော် ယခုတော့......သူမ၏အတွေးတို့သည် သိပ်ကိုရိုးစင်းနေခဲ့ခြင်းသာဖြစ်နေသည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Aug 18, 2021 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(Myanmar Translation)(Zawgyi)Dove le storie prendono vita. Scoprilo ora