3မိန်စ်လောက်ဘယ်သူစကားစပြောမလဲစောင့်နေရာကနေဘာစကားမပြောဖြစ်ကြ

မနေတတ်တော့တဲ့ Chan က

Chan: Amm...Kris? ကျွန်တော်တို့ဒီမှာဘာလုပ်နေတာလဲ

စက္ကန့် ၃၀ လောက်ကြာမှ

Kris: မသိဘူးလေ ဘာလိုချင်လို့လာတာလဲ

ပထမဆုံး Kris အသံကို Chan ကြားဖူးခြင်း

အလုပ်ကိုဆိုဦးခေါင်းထိပ်မတင်ထားရုံတမယ်အလေးထားတဲ့ Chan အတွက် Kris ရဲ့ပေါ့ပြက်ပြက်အဖြေကစိတ်ပျက်စရာ

Chan: မနေ့က ၄နာရီလောက်က အိမ်ကိုလာသွားတဲ့စုံထောက်တွေဘာမှမရှင်းပြဘူးလား

Kris: ရှင်းတယ်လေ ၄နာရီလောက်

Chan: အိုကေ သူတို့ပြောသွားတာတွေနားလည်လား

Kris ခနဲ့သလိုရယ်လိုက်ကာ

Kris: လူ ၈ ယောက်သေပြီးပြီ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်နေတယ်လို့ထင်တယ် အဲ့လူက dark web ကိုကိုင်ထားတဲ့သူလို့လည်းယူဆတယ် ဘာလို့ဆိုသူလူသတ်တိုင်းလုပ်နေကျဖြစ်တဲ့လည်ပင်းမှာအမှတ်အသားလုပ်သွားတာရဲ့အဓိပ္ပာယ်အတိုင်း dark web official acc မှာတင်တင်ထားလို့ ဒါကိုကြည့်တာနဲ့ဒီကောင်ကသူသတ်ခဲ့တာတွေအတွက်ဂုဏ်ယူတယ် ကြွားဝါချင်တယ်လို့ယူဆရတယ် DarkCidrus ဆိုတဲ့ acc ကကျတော့တစ်ခါ victim ရဲ့အလောင်းကအမှတ်အသားရဲ့အဓိပ္ပာယ်ကိုတင်တဲ့အခါမှာ official acc နဲ့မဟုတ်ပဲ အဲ့ acc နဲ့တင်မိသွားတယ် ခဏနေတော့ပြန်ဖျက်သွားပြီး official acc ကပြန်တင်လာတယ် အဲ့ဒါကြောင့်တရားခံလို့ယူဆတယ် ဒါပဲလေ ငါအခု စက္ကန့် ၃၀ နဲ့ပြောသွားတာကိုမင်းလူတွေ ၄နာရီလောက်ပြောနေရတာ အဲ့ဒါကိုငါကနားမလည်ဘူးထင်နေတာလား

Kris ရဲ့အပြောမှာ Chan ဒေါသထွက်လာကာအံကြိတ်ရင်းပြောလိုက်တယ်

Chan: အဲ့လောက်သိနေတတ်နေရင်လုပ်ပါဦးဘာတွေများသိရပြီလဲ ပြောပြပါဦး

Kris လှောင်သလိုရယ်လိုက်ကာ
Kris: အချက်သုံးချက်ပဲပြောလိုက်မယ် နံပါတ်တစ် မင်းတို့ထင်နေသလို တရားခံကသူ့ acc ဖြစ်တဲ့ DarkCidrus acc မှာမှားတင်တာမဟုတ်ဘူး တမင်တင်တာ တော်လှပါချည်ရဲ့လို့လူတွေပြောနေကြတဲ့မင်းတို့အဖွဲ့ရဲ့မျက်စိရှေ့တင်လူ ၈ယောက်ကိုသတ်ပြီးထွက်ပြေးနေတဲ့ကောင်ကအဲ့လိုတုံးအအအမှားမျိုးဘယ်တော့မှမလုပ်ဘူး မင်းတို့သဲလွန်စရပြီဆိုပြီး အရမ်းတွေဝမ်းသာအားရနဲ့ လမ်းကြောင်းလွဲသွားအောင်လမ်းဖွင့်ပေးလိုက်တာကိုပျော်ပျော်ကြီးဝင်သွားကြတာပဲ
နံပါတ်နှစ်
အဲ့ DarkCidrus acc ကိုလည်း hack လို့ရလို့ဝင်ကြည့်ပြီးပြီ ငါထင်တဲ့အတိုင်းပဲ ဘာဆိုဘာမှမရှိဘူး Official acc က hack ရတာအရမ်းရှပြိတယ် ဒါပေမဲ့ငါရအောင်လုပ်တယ် Info က website user တိုင်းရဲ့ info တွေနဲ့ချိတ်ထားတာ သောင်းနဲ့ချီတယ် Profile တွေမှာသာဘာ info မှမရှိတာ Log in လိုက်တာနဲ့မင်းတို့ personal info တွေကို track, collect ပြီးသူ့ official acc မှာချိတ်ထားတာ ဘာမှလုပ်မရဘူး အဲ့တော့ငါ့ဆီလာဆရာလာလုပ်မယ့်အစားပြန်ပြီးသဲလွန်စထပ်ရှာကြပါဦး

You've reached the end of published parts.

⏰ Last updated: Aug 23, 2021 ⏰

Add this story to your Library to get notified about new parts!

'Dark' WebWhere stories live. Discover now