ဖြူဖွေးနေတဲ့အသားအရည်ဟာလည်း ဘောင်းဘီအမည်းရောင်အတိုကြောင့်ပိုထင်းနေသလို

စုံထောက်ဗီဇအရသေချာလိုက်ကြည့်မိတယ် ကျန်တာဘာမှထူးခြားတာမတွေ့
First impression ဆုံးဖြတ်ဖို့အတွက်အရာအားလုံးကိုကြိုတင်ပိတ်ထားသလို

သေချာတာကတော့သူပြုံးမနေပါ

Chan မိတ်ဆက်ဖို့ဟန်အပြင်
Kris တံခါးကိုပိတ်ပြီးတာနဲ့ချက်ချင်းလှည့်ထွက်သွားတယ်

Chan Nick ဖက်ကိုမကျေမနပ်ကြည့်လိုက်တယ်
Nick သဘောပေါက်လိုက်ကာ လေသံတိုးတိုးလေးနဲ့

Nick: စိတ်ထဲမထားပါနဲ့ သူကစစချင်းဆိုအဲ့လိုပဲ

Chan သဘောမကျစွာညည်းတွားရင်းအိမ်ထဲဝင်လာလိုက်တယ်
လူကိုကြည့်ရင်းဘာမှကောက်ချက်ချမရတဲ့အခါအိမ်ကိုဝေ့ဝဲကြည့်မိတယ်

အိမ်ကမြက်ခင်းစိမ်းတွေနဲ့ခြံကျယ်ထဲမှာဆောက်ထားတာမလို့ကြီးတဲ့အထဲပါတယ်
တစ်အိမ်လုံးသုံးထားတဲ့အရောင်ဆိုလို့အဖြူ အမည်းပဲရှိတာမလို့ ရှေးခေတ်ကအဖြူအမည်းဇာတ်ကားထဲရောက်သွားလားတောင်ထင်ရစေတယ်
ရံဖန်ရံခါပရိဘောဂတွေမှာသစ်သားရောင်လေးပါနေတာကလွဲ အရောင်ကင်းမဲ့နေတယ်
တက်တက်ကြွကြွနေတတ်တဲ့ Chan အဖို့အိမ်ကစိတ်ဝင်စားစရာမကောင်းပါ

Chan Nick ဖက်ကပ်ကာတိုးတိုးလေးရေရွတ်လိုက်တယ်

Chan: အိမ်ကစိတ်ဓာတ်ကျစရာကောင်းလိုက်တာ

Nick Chan အပြောကိုသဘောကျစွာရယ်မိရင်းခေါင်းတငြိမ့်ငြိမ့်လုပ်ကာလိုက်လာတယ်

Kris နောက်လိုက်ကာအိမ်ထဲဝင်လာကြရင်းက ဧည့်ခန်းလို့ယူဆရတဲ့ဆိုဖာတွေရယ် TV တစ်လုံးရယ် စားပွဲခုံတစ်လုံးရယ် CD တွေတင်ထားတဲ့စင်ရယ်ပဲရှိတဲ့အခန်းတစ်ခုထဲဝင်သွားတယ်
Kris ဆိုဖာမှာထိုင်လိုက်တော့ Chan ရော Nick ပါမျက်နှာချင်းဆိုင်ကဆိုဖာမှာဝင်ထိုင်လိုက်တယ်

Kris ဆိုဖာနောက်ကျောကိုမှီရင်းလက်ပိုက်ကာထိုင်နေတယ် မျက်လုံးတွေကိုမမြင်ရတာမို့အရှေ့ကလူနှစ်ယောက်ကိုကြည့်နေလား မကြည့်နေလားဘယ်သူမှမသိနိုင်

You've reached the end of published parts.

⏰ Last updated: Aug 23, 2021 ⏰

Add this story to your Library to get notified about new parts!

'Dark' WebWhere stories live. Discover now