Nick Chan ပြောတာကိုခေါင်းငြိမ့်ရင်းလက်ခံကာ
Nick: ဒါလည်းဟုတ်ပါတယ် ဒါပေမဲ့သူကအလုပ်လုပ်တာမှာတကယ်တော်တာမလို့အရင်ကထက်တော့အများကြီးအဆင်ပြေမှာပါ အဲ တစ်ဖက်မှာလည်း အဲ့လိုအလုပ်တွင်ဖို့က သူ့အတွက်သူအဆင်ပြေတဲ့ပတ်ဝန်းကျင်ကလိုနေပြန်ရောမလား?
Chan သက်ပြင်းချလိုက်ကာ
Chan: Hmmm ဟုတ်ပါပြီ...
Nick Chan နဲ့မျက်နှာချင်းဆိုင်ကာမျက်လုံးတွေထဲကိုစိုက်ကြည့်လိုက်တယ်
Nick: Chan...Hyung ကိုယုံတယ်မလား? အဲ့ဒါဆို Hyung ယုံတဲ့ Kris ကိုလည်းယုံလို့ရတယ် ဟုတ်ပြီလား?
Chan ရယ်လိုက်တယ်
Chan: ဟုတ်ပါပြီ ယုံပါတယ်
Nick လည်းရယ်ရင်းမတ်တပ်ရပ်လိုက်ကာ Chan ပုခုံးကိုပုတ်ပြီး
Nick: ဒါဆိုထ သွားမယ်
Chan: ဟင်? ဘယ်ကိုလဲ?
Nick: Kris Wu အိမ်ကိုလေ မျက်စိနဲ့သေချာအတည်မပြုရမချင်း Chan စိတ်အေးမှာမဟုတ်ဘူးမလား
Chan သဘောကျစွာထပ်ရယ်လိုက်မိပြန်တယ်
Chan: Ahaha Hyung ကကျွန်တော့်ကိုအရမ်းသိတာပဲ
Chan ထိုင်ရာကထလိုက်ကာ
Chan: သွားမယ်
Nick လည်းရယ်ရင်း Chan နောက်ကလိုက်သွားတယ်
..........
Nick: အဆင်ပြေလား?
Kris တံခါးဖွင့်ပေးရင်းခေါင်းငြိမ့်လိုက်တယ်
Chan လည်း Kris နဲ့အတူအိမ်ထဲဝင်လာခဲ့တယ်
Nick: ဒါငါခုနကဖုန်းထဲမှာပြောပြထားတဲ့ Detective Chan , Park Chan Yeol
Nick: Chan ဒါကကိုယ့်သူငယ်ချင်း Kris Wu
Chan Hoodie အမည်းကိုမှမျက်နှာတစ်ဝက်လောက်အုပ်အောင်စောင်းထားတဲ့သူကိုကြည့်လိုက်တယ်
Chan စိတ်ထဲ 'ရုပ်ရှင်ထဲက Hacker တွေအတိုင်းပဲ' လို့တွေးလိုက်မိတယ်
ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးမမြင်ရသလောက်ရှိပေမဲ့တံခါးလက်ကိုင်ကိုကိုင်ထားတဲ့လက်သွယ်သွယ်တွေပေါ်မှာအစိမ်းနုရောင်အကြောတွေကတော့ထင်ရှားနေခဲ့တယ်
YOU ARE READING
'Dark' Web
Mystery / Thriller'Dark' Web is something where people would do all their nasty things just as they like. Anything & everything can happen in there. Everyone can guess that. But what about the 'dark' side of people? Can people guess that?
Part 1
Start from the beginning
