ဘေးဘီဝဲယာကြည့်ကာ

Chan: သူဘယ်မှာလဲ?

Ven: လိုက်မလာဘူးတဲ့

Chan: Huh?ဘယ်လိုဖြစ်လို့လဲ?

Chan မေးခွန်းထုတ်နေတဲ့အချိန်မှာပဲ ပန်းနုရောင်အင်္ကျီဖျော့ဖျော့လေးကိုလက်တစ်ဝက်ခေါက်တင်လျက်က Nick ဝင်လာတယ်

Nick: Chan! Hey

Chan Nick ကိုပြုံးပြလိုက်ပြီး

Chan: Nick Hyung
Chan: ဘယ်လိုဖြစ်တာလဲဗျ?

Nick: အာ သူကလူတွေအများကြီးဆိုသိပ်အာရုံမစိုက်နိုင်လို့အဲ့လိုအလုပ်လုပ်ရတာသဘောမကျဘူး အဲ့ဒါကြောင့်သူ့အိမ်မှာပဲသူလုပ်စရာရှိတာလုပ်ပေးမယ်ပြောတယ် စုံထောက် Han တို့တော့အမှုအသွားအလာ အကြောင်းစုံကိုရှင်းပြပြီးပြီဗျ

ထိုအချိန်Ven အခန်းထဲကထွက်သွားကာသူလုပ်စရာရှ်တာသွားလုပ်နေလိုက်တယ်

Chan Nick ရဲ့အဖြေကိုမကျေမနပ်ဖြင့်

Chan: သူကဘယ်လိုကြီးလဲ? အမှုကဘယ်လောက်ပြင်းထန်လဲသိရဲ့လား? သူ့အိမ်မှာသူလုပ်မယ်ဆိုတော့ အဲ့ဒါရဲ့ progress ကိုကျွန်တော်တို့ကအချိန်မှီမသိရတော့ဘူးလား? သူကယုံရပါတယ်လို့ရောဘယ်လိုလုပ်သိမလဲ?

Nick: သူနဲ့ကျွန်တော်သိတာကြာပါပြီ ယုံရပါတယ်

Chan လက်ပိုက်ကာစားပွဲခုံစောင်းမှာထိုင်လိုက်ရင်းကပြောလိုက်တယ်

Chan: Hyung ယုံရတာကကျွန်တော်ယုံရတာမှမဟုတ်ပဲ
Nick Chan စားပွဲရှေ့ကခုံမှာဝင်ထိုင်လိုက်တယ်

Nick: ဟုတ်ပါတယ် အဲ့ဒါကြောင့်ကျွန်တော်သူ့ကိုအချက်နှစ်ချက်တော့တောင်းဆိုထားတယ် ဒီကလူတွေစစ်ချင်တာ သိချင်တာရှိတိုင်း အချိန်မရွေးလက်ခံပြီးပြောပြဖို့ ချပြဖို့ရယ်...

Chan ခေါင်းငြိမ့်ရင်းနားထောင်နေတယ်

Nick: ပြီးတော့ သူဘာရှာတွေ့တွေ့ ဘာသိရသိရ ဘယ်လောက်သေးတဲ့ info ဖြစ်ဖြစ် သိရတာနဲ့ချက်ချင်းဆက်သွယ်ဖို့

Chan: အိုကေ...ဒါပေမဲ့လည်းအလုပ်လုပ်ရတာအနည်းနဲ့အများတော့နှောင့်နှေးမယ်လို့ထင်နေတယ် 24/7 ကျွန်တော်တို့ team နဲ့အတူရှိနေမှာမဟုတ်တော့

You've reached the end of published parts.

⏰ Last updated: Aug 23, 2021 ⏰

Add this story to your Library to get notified about new parts!

'Dark' WebWhere stories live. Discover now