အပိုင်း(၃၅)မင်းက ငါ့အတွက်တန်ဖိုးအရှိဆုံး လူသားလေးပါ

Mulai dari awal
                                    

"ယောက်ဖတို့ကိုမနှောက်ယှက်တော့ဘူးနော်..."

ဆိုတဲ့စကားနဲ့ ပြီတီတီမျက်နှာဘေးသုံးပြီး ဟီလာတိုက်သွားသေးသည်။

ညဏ်းဧကရာဇ် ​စောင်ထူထူခင်းထားတဲ့ကုတင်ပေါ်သို့ အမူးသမားရည်းစားကို အသာအယာချပေးလိုက်တယ် ပုံမှန်အမြဲညှပ်နေကျဆံပင်က မညှပ်တာကြာပြီဖြစ်တာကြောင့် နဖူးပေါ်ထိအောင်ဝဲကျနေတယ် ညဏ်းဧကရာဇ် က နေအဂ္ဂါပါးကို အသာအယာပုတ်ပြီး လှုပ်နှိူးလိုက်တယ်

"ကိုကို..."

"အင်း..."

"ကိုကို..."

"....."

ညဏ်းဧကရာဇ်က နေအဂ္ဂါရဲ့ မှေးမှိတ်ထားတဲ့ မျက်ခွံလေးပေါ်ကို သူ့နှုတ်ခမ်းနဲ့ဖိကပ်အနမ်းပေးလိုက်တယ်

"ထပါဦးကွာ...မင်းမျက်လုံးလေးတွေဖွင့်ပြီး ငါ့ကိုမကြည့်ချင်ဘူးလား ..ဟမ်..ထပါဦးကိုကိုရဲ့"

မှိန်ဖျော့ဖျော့အဝါရောင်မီးသီးလေးရဲ့ အလင်းရောင်အောက်မှာ နေအဂ္ဂါရဲ့မျက်တောင်ဖျားလေးတွေလူးလွင့်လှုပ်ရှားလာပြီးနောက်မှာတော့ ညဏ်းဧကရာဇ်က သူ့နဖူးကို နေအဂ္ဂါရဲ့နဖူးပြင်နဲ့ထိကပ်လိုက်ပြီး ခပ်ဖွဖွလေး ပွတ်တိုက်နေတယ်

"ငါ့ကိုချစ်လား"

"အင်း"

မဆိုင်းမတွဖြေဆိုသံကြောင့် ညဏ်းဧကရာဇ် ခပ်တိုးတိုးလေး အသံထွက်ရယ်လိုက်တယ် နေအဂ္ဂါရဲ့မျက်တောင်ဖျားတွေ ထပ်ပြီးငိုက်ဆိုက်မကျသွားခင်မှာပဲ နားဖျားလေးကို အားပါပါကိုက်ချလိုက်တယ် အတော်လေးနာသွား၍လားမပြောတက် နေအဂ္ဂါက သူ့မျက်ခုံးတန်းတွေကို အလိုမကျစွာတွန့်ချိူးထားလေရဲ့

"ဒါက နောင်တရတယ်ပြောလို့အပြစ်ပေးတာ"

နေအဂ္ဂါက အမူးပြေလုပြေခင်အခြေအနေကိုရောက်နေကာ ညဏ်းဧကရာဇ်ကို ခပ်တွေတွေကြီး စိုက်ကြည့်နေပြီး ဘာမှတော့ပြန်မပြော

"မဟုတ်လို့လား...မတရားခံရတဲ့မျက်နှာဘေးနဲ့ ငါ့ကိုလာပြီးစိုက်ကြည့်မနေနဲ့"

ညဏ်းဧကရာဇ် နေအဂ္ဂါ နှာခေါင်းဖျားကို လက်နဲ့အသာဖစ်ညှုစ်ပြီး လှုပ်ရမ်းလိုက်တယ်
စကားလုံးတွေက ရန်ဆောင်ပုံပေါ်ပေမဲ့ လေသံ​လေးက တိုးရှရှနဲ့ အလွန်တရာမှ နူးညံ့သိမ်မွေ့လှတယ်

Before I Fall You[Completed]Tempat cerita menjadi hidup. Temukan sekarang