Part-2💔(uni) -end

Start from the beginning
                                    

"မင်း.....မင်းကွာ......!!"

ကောင်းစံ လက်ညိုးထိုးပြီး ပြောကာ အိမ်ထဲမှ အမြန်ထွက်ခဲ့လိုက်သည်။

'တောက်.....ငါဘာတွေဖြစ်နေတာလဲကွာ...ခေါင်းတွေကိုရှုပ်နေတာပဲ ....မိုးနေ မင်းကရော ဘာလို့ငါ့ကိုလာကြိုက်နေတာလဲ....sh*t! ငါဘာလို့ တစ်ခုခုဆုံးရှုံးသလိုခံစားနေရတာလဲ...? မိုးနေ ....မင်းအိမ်ကောပြန်ရောက်ပြီမလား...? ပြန်ရောက်လောက်ပါပြီ...ဟုတ်တယ်မလား?'

ကောင်းစံ ကိုယ့်ဘာသာမေးခွန်းတွေထုတ်ကာ မိုးနေနဲ့ အတူနေခဲ့ရာ လုံးချင်းအိမ်ဆီသို့ အပြေးလာခဲ့လိုက်တော့သည်။ ကောင်းစံတစ်ယောက် ခေါင်းထဲတွင်ရှုပ်‌ထွေးလွန်းလို့ ကားငှားပြီးသွားရမည်လည်းမသိ အပြေးသာ လာခဲ့တော့သည်။

အိမ်ရှေ့အရောက်ကြည့်မိတော့ ခြံတခါးကပွင့်နေသည်။

"ဟူး.....အိမ်ပြန်ရောက်နေပြီပဲ ...."

ကောင်းစံ သက်ပြင်းချကာ အိမ်ထဲဝင်ရမလား...? မဝင်ရဘူးလား....?စဉ်းစားနေရင်း ခြံရှေ့ရပ်နေသည်မှာ အတော်ပင်ကြာ၍ မိုးစုန်းစုန်းချုပ်လုနေပြီ....။

ပတ်ဝန်းကျင်တွင် လူခြေတိတ်ဆိတ်‌နေပြီး မိုးစက်ကလေးများ စတင်ကျလာသည်။

"ငါမိုးရွာလို့ အိမ်ထဲဝင်တာ ဟုတ်တယ် ...မင်းကိုစိတ်ပူလို့မဟုတ်ဘူး..."

ကောင်းစံ ကိုယ့်ဘာသာရေရွတ်ရင်း အိမ်ထဲသို့ဝင်လိုက်သည်။ အလိုက်သိတဲ့ မိုးက ကောင်းစံအိမ်ထဲ ဝင်ပြီးမှသာ သဲသဲမဲမဲ ရွာချလိုက်လေသည်။

တစ်အိမ်လုံး အမှောင်ဖုံးလွှမ်းနေကာ ကောင်းစံ phမီးလေးဖွင့်လို့ အိမ်ထဲလှည့်ပတ်ကြည့်မိသည်...။ မိုးနေ၏ အရိပ်ယောင်မတွေ့.....

'မင်းအိမ်ပြန်မရောက်သေးတာလား....?
မဟုတ်သေးပါဘူး၊ ပြန်မရောက်ရင် ခြံတံခါးရော အိမ်တံခါးကပါ ပွင့်နေစရာ အကြောင်းမရှိဘူးလေ....၊ အော်....အိပ်ခန်း......'

ကောင်းစံ၏ ခြေလှမ်းများ အိပ်ခန်းဘက်ဦးတည်ကာ တစ်အိမ်လုံးတွင် တစ်ခန်းမျှသာရှိသော အခန်းတံခါးအား တွန်းဖွင့်လိုက်သည်......။

"မိုး.....မိုး..မိုးနေ"

မြင်ရလိုက်သည်က ကုတင်ဘေးတွင် ပုံ့ပုံ့လေးလဲနေသော မိုးနေ၏ အသက်မရှိသော ခန္ဓာ.....

"မောင့်ကိုမုန်းပစ်ချင်လိုက်တာ "(Complete)-uni&zawgyiWhere stories live. Discover now