Part-1(zawgyi)

3.7K 98 18
                                    

"ထွက်သွားတော့.....! "

"ဗျာ......."

"ငါ့ကောင်မလေးက မင်း‌ငါ့ဘေးနားမှာ ရှိတာကို မကြိုက်ဘူးတဲ့"

မောင်ရယ် ပြတ်သားလိုက်တာ.....ကောင်မလေးကမကြိုက်လို့ ထွက်သွားတော့တဲ့လား....? မောင်နဲ့ ငါ့ရဲ့ ၁၅နှစ်တာ သူငယ်ချင်းသံယောဇဉ်ကို မထောက်တော့ဘူးလား....? ငါပြောချင်လိုက်တာ ဒါမယ့်လေ သစ္စာရှိတဲ့ ဒီပါးစပ်က တစ်လုံးမှထွက်မလာသလို နှလုံးသားကို ဦးနှောက်ကမလွန်ဆန်နိုင်ဘူးထင်ပါရဲ့......

မောင်ကတော့  လက်ကြားထဲမှာ စီးကရက်လေးညှပ်လို့ အေး‌အေးဆေးဆေးပြောနေပေမယ့် ငါ့ရဲ့ရင်ဘတ်ထဲ မီးတောက်နေပြီ.....။

"မောင်သေချာပြီလား...?"

ငါ မရဲတရဲမေးမိတော့......

"ကျစ်.....ငါ့ကိုမင်းဘယ်ချိန်ထိမောင်လို့ ခေါ်နေအုံးမှာလဲ.? စိတ်ရှုပ်လိုက်တာ ၊ ငါကမင်းလို gayမဟုတ်ဘူးကွ"

လက်ထဲက ဆေးလိပ်ကို မြေကြီးပေါ်ပစ်ချရင်း  လက်ညိုးငေါက်ငေါက်ထိုးပြီး  ပြောကာ ကျောခိုင်းလို့ ထွက်ခွာသွားတဲ့ မောင်ပါလေ......ငါက ဘာများတတ်နိုင်မှာပါတဲ့လဲ....? မောင်မရှိတဲ့အရပ်ကိုသိပ်ကြောက်တဲ့ငါကလေ ခုမောင်မရှိတဲ့အရပ်မှာ နေရပါတော့မယ်လို့ ကံတရားကသတ်မှတ်ချက် ချလိုက်ပြီထင်ပါရဲ့.......!!!!

ရုပ်ရှင်တွေထဲမှာ ဒီလိုချိန်မိုးရွာချရမည်မဟုတ်လား...?
ခုတော့ ရင်ထဲကပူသလို အပြင်မှာလည်း ပူကျစ်လို့ ရှေ့ကရေပြင်ကြည့်၍လည်း မအေးဆေးနိုင် ငါအမြန်ပဲ
အက်နေရာက ထွက်လာခဲ့တယ် ....

အပြင်မှာဘာတေဖြစ်နေလဲငါမသိတော့ဘူး ၊ ဘယ်သူတွေက ငါ့ကိုကြည့်နေလဲ ငါဂရုမစိုက်တော့ဘူး ၊ ငါ့မျက်ရည်တွေ ငါလျစ်လျူ ရှုကာ ငါဆက်သွားမိနေမြဲ....။
ဘယ်ကိုဦးတည်သွားနေလဲ ငါမသိလို ....ငါဘယ်ရောက်နေလဲလည်းငါမသိဘူး .....၊ ငါသိတာက မောင်က သိပ်ရက်စက်လိုက်တာ.!!!!

ကိုယ့်ကိုသတိထားပြီး  ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကားဂိတ် ...အဝေးပြေးကားဂိတ် ! ငါအံ့ဩမိတယ် မောင်နှင်ထုတ်ခဲ့တဲ့ငါကလေ ခုကားဂိတ်ကိုရောက်နေပြီတဲ့...!ကံတရားက ငါ့ကိုသနားလို့  မောင့်ဘေးနားက ထွက်သွားနိုင်အောင်ကားဂိတ်ကိုပဲ ပို့ခဲ့လေသလား ..... ငါက‌လေ သိပ်တုံးတယ်၊ ၁၅နှစ်လုံး မောင့်ဘေးမှာ လိုတမျိုးမလိုတမျိုး ဖြည့်ဆည်းခဲ့တဲ့ငါ့ကို မောင်က ထွက်သွားတဲ့ ..ဟက်.. အက်စကားကလည်း ခုအကြိမ်နဲ့ဆို နှစ်ဆယ့်သုံးကြိမ်မြောက်.....!!!

"မောင့်ကိုမုန်းပစ်ချင်လိုက်တာ "(Complete)-uni&zawgyiWo Geschichten leben. Entdecke jetzt