"အိုက်ယား... ကြိုဆိုပါတယ်... စျေးဝယ်သူတို့... အရေှ့ပိုင်းကဒီနေ့မှရောက်တဲ့ ပစ္စည်းအသစ်လေးတေွရှိတယ်နော်..."

ဘာလုပ်ရမှန်းမသိလို့စိတ်ရှုပ်နေတာကြောင့်​အဲ့ဒီလူကြီးကိုသာ ဘလိုင်းကြီးစိုက်ကြည့်နေလိုက်တယ်၊
အဲ့​ကျမှ Rennaldကအားမရတဲ့ပုံစံနဲ့အော်ပြောလာတော့တယ်၊

"အာ... သူမင်းကိုကြည့်ကြည့်ဖို့ပြောနေတယ်လေ... ကြည့်ကြည့်ပါဦးဆို... "

သူ့ရဲ့စကားကြောင့်ရတနာတေွကိုကြည့်လိုက်တယ်၊ တချို့ရတနာတေွက တကယ်ကိုထူးခြားလွန်းတယ်ကြည့်ရတာ​ပွဲတော်အချိန်တွင်းမို့သာ တေွ့ရတာထင်တယ်၊

ဒါပေမဲ့လည်း​ အဲ့တာတေွကိုဝယ်ချင်စိတ်ဖြစ်မနေဘူး၊ Penelopeရဲ့ရတနာသေတ္တာက လက်ဝတ်ရတနာတေွ ပြည့်နေပြီးသားကို

ငါခဏလောက်ဘဲစိတ်ဝင်စ​ားမိပေမဲ့

"ဒါလေးရော..."

ငါ့ရဲ့​နောက်ကနေ Derrick ရဲ့လက်တစ်ဖက်ထွက်လာပြီး တစ်ခုရေွးလိုက်တယ်...

အဲ့တာကပလက်တီနမ်ကြိုးတစ်ကုံးဖြစ်ပြီး ရင့်မှည့်နေတဲ့မက်မန်းရောင်ရှိတဲ့ ရတနာအသေးလေးတစ်ခုပါ ပါနေသေးတယ်၊

"ဘုရားရေ........ ကျွန်ုပ်သိတာပေါ့​သင်ကပစ္စည်းကောင်းတေွကိုမြင်တတ်တယ်ဆိုတာ၊ သခင်လေး​ဒီလည်ဆွဲအကြောင်းကိုပြောရရင် ဒါလေးကအရေှ့အရပ်ကနေဒီကိုရောက်လာဖို့ ကြံုတောင့်ကြံုခဲဘဲ​3လကိုမှ တစ်ရက်နဲ့တစ်ညလောက်ကြာသေးတာ..."

ဆိုင်ရှင်​က​ တံတေွးတေွစင်ထွက်တဲ့အထိကိုတောက်လျေှာက်ပြောနေတော့တယ်၊ငါထူးဆန်းသလိုခံစားလာရပြီး​ Derrickကိုင်ထားတဲ့လည်ဆွဲကိုစိုက်ကြည့်နေမိတယ်၊အဲ့ရတနာရဲ့အရောင်ကငါ့ဆံပင်ရောင်နဲ့တူတယ်လို့ခံစားရတယ်...

'ဟေး... မ​ဖြစ်နိုင်တာ... သူကငါ့ကိုအဲ့တာပေးမယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး...'

ငါသူ့ခေါင်းပေါ်က10%ကိုတချက်ကြည့်လိုက်တယ်၊

"ဒါဆိုလည်း​ အဲ့တစ်ခုယူမယ်..."

Rennald​ကိုကြည့်ရတာ​မိနစ်ပိုင်းအတွင်းငေွချေတော့မဲ့ပုံဖြစ်နေတာကြောင့်​ ငါစိတ်ဝင်စားခဲ့တဲ့တခြားအရာတစ်ခုကိုမြန်မြန်ယူလိုက်ရတယ်၊

DITOEFVWhere stories live. Discover now