တယောက်တလှည့်စီ ရေသန့်ဘူးရဲ့ ရွေးခြယ်ခြင်းခံရသော သူတို့တွေမှာတော့ သူ ခိုင်းတာငါလုပ် ငါမေးတာသူဖြေနဲ့ ပတ်လည်ရိုက်နေသည်။

အဲ့လိုနဲ့ 10 မိနစ်လောက် ကုန်သွားပြီးတဲ့နောက်မှာတော့

"Yes!!!!ကျန့်ကျန့် ။yayyyy"

သူတို့အဖွဲ့ရဲ့ အာဗြဲစိန်မ ဇီယီ က ထအော်သည်။သူ့အသံကြောင့် အတွေးများနေတဲ့ရှောင်းကျန့်နဲ့ သူတို့အဖွဲ့သာမက ဆိုင်ထဲ လူတွေတောင် လန့်သွားတယ် ။ဟုတ်တယ်လေ သူတို့တွေသာ ခနတိုင်း ပြန်ပြန်ကျ နေတာ ရှောင်းကျန့်က အခုထိ တခါတောင် မကျသေးဘူး။အာ့ကြောင့် အပျော်လုံးစို့ပြီး ထအော်မိသွားတာ။သူ့အမှားမဟုတ်ဘူး။

"နင့်မလည်း ဖြေးဖြေးသက်သာပြောလဲ ရရဲ့နဲ့ တအားတွေ အော်နေတာပဲ "

"နားညီးလိုက်တာ"

"အသံကတော့ တကယ်အောင်တယ် နားဝင်ဆိုးတာလေးပဲ"

တယောက်တပေါက်ပြောနေကြပေမဲ့ ငြိမ်ချက်သားကောင်းနေတာကတော့ ကံထူးရှင် အမောင် ရှောင်းကျန့်။

"ရှောင်းကျန့်၊ ဟေ့ရောင် ငကျန့် !ငါတို့မင်းကိုမေးနေတယ်ကွ"

"အေးပါကွ ငါလဲ ဘာရွေးရမလဲ စဥ်းစားနေတာ"

"Dare!! Dare ရွေးမယ်ကွာ ဟဲဟဲ "ရှောင်းကျန့် ဟာ သူ့ရဲ့ယုန်သွားတွေကို ထုတ်ပြရင်း ရယ်မောပြီး ဖြေသည်။

"Xiao Zhan,I dare you!!" သူတို့ထဲက တယောက်က သူ့ကို ပြန်အော်ပြောလာတယ်။အဲ့တယောက်ကတော့ တခြားဘသူမှမဟုတ်ပါဘူး။သူ့ကို ကံထူးရှင်ဖြစ်စေတဲ့ ရေသန့်ဘူးကို အမိန့်ပေး ခိုင်းစေတဲ့ အရှင်သခင် ကျိလီ ပဲ ဖြစ်တယ် ။

ရှောင်းကျန့်က Dare ရွေးလိုက်တဲ့အပေါ် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိတယ် ။ သူ့ကို အရွေးခံရတုန်းက အတွေးများနေလို့  ရေဘူးလှည့်တဲ့သူ ဘသူလဲ ဆိုတာ မသိလိုက်ဘူး။အခု သူ့ကို ခိုင်းမဲ့သူက ကျိလိ ဖြစ်တယ်လဲ ဆိုရော သူစိတ် လှုပ်ရှားနေတာ တော်တော် လျော့သွားတယ်။ကျန်တဲ့လူတွေသာ ကျကြည့်ပါလား သူ့ဆို အသေခိုင်းမဲ့ သူငယ်ချင်းကောင်းလေးတွေ။ကျိလီ ခိုင်းတဲ့ဟာတွေကကသာ သူတို့အဖွဲ့ထဲ မှာ အလွယ်ဆုံးပဲ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Onde histórias criam vida. Descubra agora