Kitty က သူအမှားမလုပ်မိသည့်အလျောက်ခပ်တည်တည်နဲ့ ရှေ့က ပုစွန်ထုပ်ကြော်တွေကို သွားဖြဲနားဖြဲစားနေသည်။

နောက်ဆုံး မနေနိုင်တဲ့ရှောင်းကျန့်ကပဲ
ချောကလက်မစ်တစ်ခွက်ကို Kitty ရှေ့ချပေးလိုက်သည်။

"ငါ ကြားဖူးတဲ့ System က မင်းလို
အငတ်မဟုတ်ဘူး သိလား Kitty ''

"သခင်နဲ့ ရေကြောမြေကြောလိုက်ပြီး
ကျွန်တော်လည်းအငတ် System ဖြစ်သွားတာပါ ''

"အော် အေးပါ ငါမှားတာ ငါက အငတ်ကြီး ဟုတ်ပြီလား ''

"အင်း ''

"ဘာကွ!!!!''

"ခဏနေ Oku ရဲ့ Fashion Show ကိုသွားရမှာမလား ပြင်ဆင်တော့လေ''

ထပ်ပြီး ကျရောက်လာမယ့် အာဗြဲစိန်ရဲ့စကားကိုမကြားလိုတာကြောင့် ဖြတ်ပြောလိုက်သည့် Kitty လေးက သူ့ကိုယ်သူ တော်လွန်းလို့ ချီးကျူးနေသည်။

အခုတော့ သူလေးနားအေးပါးအေးနဲ့
မနက်စာစားရပြီလေ ။

"သခင်က စိတ်ထားလေးကကောင်းပါတယ် သောက်ကျင့်ပဲမကောင်းတာ
ဘယ်လိုပြောရမလဲ ရုပ်ရည်လေးကချောပါရက်နဲ့မျက်နှာလေးကမလှတာဆိုသလိုမျိုးပေါ့ ''

"Kitty မင်းဘာတွေပြောနေတာလဲ ''

အဝတ်လဲပြီး ထွက်လာတဲ့ သခင်ရဲ့စကားကြောင့် ချောကလက်မစ်တွေတောင်သီးသွားသည်။

'အဟွတ် နှမြောစရာပဲ '

"သခင့်ရဲ့အလှတရားတွေကို ချီးမွမ်းခန်းဖွင့်နေတာပါ ''

"အော် ဟုတ်လား ဆက်ပြောပါအုန်း ''

အနားရောက်လာပြီး အမြီးဆွဲကာ လေထဲမှာ တန်းလန်းကြီးထားပြီး ချိန်သီးရမ်းသလိုရမ်းနေတဲ့ သခင့်ကြောင့် Kitty မှာ ခေါင်းမူးနေပြီ ဖြစ်သည်။

"သခင် အိမ်ရှေ့မှာ ကားသံကြားတယ် သွားတော့ Noah လာနေပြီ ''

"......''

ရှောင်းကျန့်ကတော့ Kitty အား မင်းသတိထားနေဆိုတဲ့အကြည့်နဲ့ကြည့်လို့
အခန်းထဲကထွက်သွားတော့သည်။

မူးနေသည့် Kitty မှာလည်း စားပိုးနင့်ထားသည့်အရှိန်ပါပေါင်းကာ အိပ်ပျော်သွားတော့သည်။

Peculiarly System [Completed ]Where stories live. Discover now