အပိုင်း ၂

Start from the beginning
                                    

"ခြံရံလေးကဘာနဲ့သောက်မလဲ တူးတူးကတော့ထုံးစံအတိုင်းပဲမလား"

တူးတူးခေါင်းလေးသာငြိမ့်ပြလိုက်သည်။မူကြိုဆရာမအပြင် မုန့်တီဆိုင်ကလူတွေပါတူးတူးအကြောင်း မမပြောပြထားတာမိုလို့ တူးတူးကိုဂရုဏာသက်ကြသည်။ဆိုင်ရှင်အဒေါ်ကြီးကတူးတူးကိုဆို ငါးဖယ်များများထည့်ထည့်ပေးသည်။ခြံရံလေးကငါးဆိုဘာငါးမှမစားတာကြောင့် အကြော်နဲ့ပဲသွေးသာထည့်သည်။

"ကိုကို ဒက်ဒီအတွက်လဲ ဝယ်ခဲ့ပါလား ဒက်ဒီကလဲမုန့်တီကြိုက်တယ်"

သောကြာနေ့တိုင်း ရုံးစောစောပြန်လာတက်တဲ့ ကိုခေတ်ကြောင့် ဝယ်သွားရန်ဆုံးဖြတ်လိုက်သည်။မမကတော့ ညမှပဲပြန်လာမယ်ဟုပြောသွားသည်မိုလို့ မမအတွက်ဝယ်ရန်မလိုပေ။

"ကြီးကြီး မုန့်တီ ငါးဖယ်နဲ့တစ်ပွဲ"

"ထပ်သောက်မလို့လားခြံရံလေး"

"မဟုတ်ဘူး ဒက်ဒီအတွက်"

"ဟုတ်ပြီ ဟုတ်ပြီ ကြီးကြီးပါဆယ်ထည့်ပေးလိုက်မယ် တူးတူးလေးသောက်လို့ကောင်းလား"

တူးတူးလက်မလေးထောင်ပြလိုက်သည်။ကိုခေတ်အတွက်ပါဆယ်ဆွဲပြီး ခြံရံလေးလက်ကိုဆွဲကာအိမ်ပြန်လာခဲ့သည်။သူတို့အိမ်ရောက်ပြီးမကြာပါ ကိုခေတ်ကပြန်ရောက်လာသည်။ရောက်တာနဲ့အပေါ်ထပ်တက်သွားတဲ့ကိုခေတ်ကြောင့် တူးတူးဝယ်လာတဲ့မုန့်တီကိုအပူပေးပြီး ခွက်ထဲထည့်လိုက်သည်။ဧည့်ခန်းထဲမှာအရုပ်တွေနဲ့ဆော့နေတဲ့ ခြံရံလေးကို မုန့်တီသွားပေးဖို့ဟုအမူအရာပြပြီးအပေါ်ထပ်တက်ခဲ့လိုက်သည်။ခြံရံလေးက ကိုခေတ်နဲ့မတူစွာ သူ့အမူအရာတွေကိုနားလည်နေသည်။ခုလဲ"ဟုတ်ကဲ့"လို့ပြောပြီးအရုပ်တွေနဲ့ပြန်ဆော့နေသည်။

"ဒေါက်ဒေါက်"

"ဝင်ခဲ့"

ဝင်ခဲ့ဆိုတဲ့အသံကြားမှ တူးတူးအခန်းတံခါးကိုဖြေးဖြေးချင်းတွန်းဖွင့်ပြီးဝင်သွားလိုက်သည်။ကုမ္ပဏီကပြန်လာတဲ့အတိုင်း ကုတင်ပေါ်မှာလှဲနေတဲ့ ကိုခေတ်ဘေးသွားပြီး မုန့်တီပန်းကန်ကိုစားပွဲပေါ်တင်လိုက်သည်။

"ဘာလဲ"

မျက်လုံးကြီးမှိတ်ပြီး ဘာလဲမေးနေသူအား တူးတူးဘာပြန်ပြောရပါ့မလဲ။

မြတ်နိုးရပါသော....သည်းငယ်Where stories live. Discover now