အပိုင်း ၂

2.4K 209 14
                                    

"တူးတူးလေး သားသားမူကြိုကိုသွားတက်တယ်မလား မမဒီနေ့အလုပ်ရှိလို့မလိုက်တော့ဘူးနော်"

အိမ်ပေါ်ထပ်ကနေ အလှပြင်ပြီးဆင်းလာတဲ့မမကို တူးတူးခေါင်းငြိမ့်ပြလိုက်သည်။သူ‌ဒီရောက်ပြီးသိလိုက်တာကမမကသူထင်ထားဝာာထက်သဘောကောင်းပြီးကြင်နာတက်တယ်ဆိုတာပင်။မမကတူးတူးကိုမောင်အရင်းတစ်ယောက်လိုပဲဆက်ဆံသည်။ဂေဟာကနေယူလာခဲ့တဲ့အဝတ်နွမ်းနွမ်းလေးတွေအစား အကျီအသစ်လေးတွေသူဝတ်ဆင်ရသည်။မမကသူ့အတွက်အမရင်းနဲ့မခြားတဲ့သူ့ကျေးဇူးရှင်ပင်။ မမကတူးတူးလေးပါးလေးကိုဆွဲဖျစ်ပြီး ကားမောင်းကာထွက်သွားတော့မှ တူးတူးလေးလဲတံခါးတွေသေချာပိတ်လိုက်သည်။မမရဲ့သားလေးမူကြိုက တူးတူးတို့လမ်းထိပ်လေးတင်မိုလို့ တူးတူးမှတ်မိနေသည်။တူးတူးဒီအိမ်ရောက်တဲ့ ၁ပတ်လုံးလဲ မမနဲ့အတူ သွားကြိုနေကြပင်။

ရှပ်အကျီအပြာလေးနဲ့ ဘောင်းဘီဒူးဖုံးလေးဝတ်ထားတဲ့ တူးတူးလေးက ၁၆နှစ်ဆိုတာမထင်ရပေ။နှဖူးပေါ်အတိကျနေတဲ့ဆံပင်လေးတွေကလေတိုက်တိုင်း လွင့်နေပြီး တူးတူးမျက်နှာလေးကပြုံးရယ်နေသည်။လမ်းထိပ်နဲ့အိမ်နဲ့က 10မိနစ်လောက်သာလမ်းလျှောက်ရသည်။

"ကိုကို "

မူကြိုအိမ်ရှေ့ရောက်တော့ သူ့နံမည်ခေါ်ကာပြေးထွက်လာတဲ့ နေမင်းခြံရံ လေးကိုတူးတူးလက်လေးတန်းကာပွေ့ဖက်လိုက်သည်။နေမင်းခြံရံလေးကအနေအေးတဲ့ကလေးဆိုပြီးမမပြောပြထားပေမယ့် သူ့ကိုတော့တကယ်ခင်တွယ်ပါသည်။နေမင်းခြံရံလေးက အသက် 5နှစ်မပြည့်သေးပေမယ့် သူမသိတာမတက်တာမရှိ။ငယ်ငယ်လေးနဲ့ညာဏ်ရည်ထက်တဲ့ကလေးဆိုတာသိသာနေသည်။

"တူးတူးရောက်နေပြီလား နေမင်းခြံရံလေးဆရာမပေးလိုက်တဲ့အိမ်စာလေး‌တွေသေချာလုပ်ခဲ့နော်"

"ဟုတ်ဆရာမ ကိုကိုသားကိုမုန့်တီဝယ်တိုက်"

တူးတူး ခြံရံခေါင်းကိုပုတ်လိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။ခြံရံကိုလာကြိုတိုင်း မမနဲ့အတူဝင်သောက်နေကျ မုန့်တီဆိုင်လေးက မူကြိုအိမ်ရဲ့တစ်အိမ်ကျော်မှာဖြစ်သည်။ဆိုင်လေးကသန့်သန့်ရှင်းရှင်းလေးနဲ့ လက်ရာလဲကောင်းတာမိုလို့ တူးတူးလေးတောင်အကြိုက်တွေ့နေမိသည်။

မြတ်နိုးရပါသော....သည်းငယ်Where stories live. Discover now