အမြဲတမ်း အပြုံးချိုချိုတွေ စွန့်ကျဲပေးတတ်တဲ့မောင်က ၊ ငါ့အပေါ် နှစ်ယောက်မရှိအောင် နွေးထွေးမှုပေးတတ်တဲ့မောင်က ရက်စက်လိုက်တာ...!!

ကိုယ့်ကိုယ်ကိုသတိထားပြီး  ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကားဂိတ် ...အဝေးပြေးကားဂိတ် ! ငါအံ့ဩမိတယ် မောင်နှင်ထုတ်ခဲ့တဲ့ငါကလေ ခုကားဂိတ်ကိုရောက်နေပြီတဲ့...!ကံတရားက ငါ့ကိုသနားလို့  မောင့်ဘေးနားက ထွက်သွားနိုင်အောင်ကားဂိတ်ကိုပဲ ပို့ခဲ့လေသလား ..... ငါက‌လေ သိပ်တုံးတယ်၊ အ,တယ်

၁၅နှစ်လုံး မောင့်ဘေးမှာ လိုတမျိုးမလိုတမျိုး ဖြည့်ဆည်းခဲ့တဲ့ငါ့ကိုမှ မောင်က ထွက်သွားတဲ့ ..ဟက်.. အဲ့စကားကလည်း ခုအကြိမ်နဲ့ဆို နှစ်ဆယ့်သုံးကြိမ်မြောက်.....!!!

ငါphကိုထုတ်ပြီး  ကားလက်မှတ်ဖိုးရှင်းမယ်အလုပ် ...smsဝင်လာခဲ့တယ် nicknameလေးက
"မောင်❤️" တဲ့ ငါ့မျက်ရည်ပူတေ ပါးပြင်တစ်လျှောက်စိုစွတ်လာပြန်တယ် အရင်လို မောင်က

'sry ကွာ မင်းဘယ်မှာလဲ အိမ်ပြန်လာခဲ့' ဆိုပြီး
ပြောလေမလားပေါ့ .....

ငါထင်မြင်ချက်တွေက သိပ်ကိုမှားနေပြီ 

💌"ငါ ချူးနဲ့လက်ထပ်တော့မယ် မိုးနေ... ငါမင်းကိုဖုံးကွယ်ထားမိတာ မရည်ရွယ်ပါဘူး... အရင်လက စေ့စပ်ဖြစ်လိုက်တာ၊ ချူးကလည်း ခုလက်ထပ်မယ်ဆိုတော့ ငါတို့ နောက်လလောက်မဂ်လာဆောင်ဖြစ်မယ် ၊ စေ့စပ်ပွဲကလည်း ငါနေတာ မင်းအိမ်မှာဆိုတော့ အားနာလို့ ချူးတို့အိမ်မှာပဲ လုပ်ဖြစ်လိုက်တယ် sryကွာ......"💌

အော်....အားနာလို့တဲ့ ဟက် နောက်ဆုံးတော့ မောင့်ပါးစပ်က အဲ့စကားလေးတစ်ခွန်း‌တော့ထွက်လာသားပဲ

မိုးနေဖုန်းကိုပိတ်ကာ သက်ပြင်းအခါခါချပီး အိမ်ကိုပဲပြန်လှည့်ခဲ့လိုက်တယ် ..။

*********************************

‌ခြံတံခါးကိုအသာဖွင့်ပြီး  ငါရပ်ကြည့်မိတယ် ...အရင်က ငါတို့အတူတူနေခဲ့တဲ့ လုံးချင်းအိမ်ကလေး ။နှစ်ယောက်လုံးတစ်ကောင်ကြွက်ဖြစ်လို့ အတူတူခိုနားဖူးခဲ့တဲ့ ဒီအိမ်ကလေးက ခုတော့ မောင့်ရယ်သံတွေပျောက်ခဲ့သလို ငါအပြုံးတွေလည်းကွယ်ခဲ့ရပြီ......

"မောင့်ကိုမုန်းပစ်ချင်လိုက်တာ "(Complete)-uni&zawgyiWhere stories live. Discover now