ညဉ့်ငှက် (အပိုင်း၃)

Start from the beginning
                                    

Gulf တကိုယ်လုံး ခေါင်းအစခြေအဆုံး ကြည့်ပြီးဦဒယ်နီယယ် ပြောလိုက်တယ် ..

" ပြီးတော့ မင်းကို အစားအသောက်
ကိရိယာတွေ ကိုင်တတ်အောင်
သင်‌ပေးရအုန်းမယ် "

မန်နေဂျာဆိုသူရဲ့ စားပွဲပေါ်မှာ တင်ထားတဲ့
ဇွန်းခရင်းအပြင် တခြား တန်ဆာပလာတွေ
ကြည့်ပြီး Gulf  ခေါင်းမူးသွားတယ် ..

"ရိုးရိုးတန်းတန်း ထမင်းစားရင်တော့ ဒီလို
ဇွန်းခရင်းပဲ သုံးရတယ် ..  ဒီဓါးက .. ..  "

စားသောက်တဲ့အခါ သုံးတဲ့ ပစ္စည်းတွေကို
တခုချင်း ကိုင်ပြ  ‌ရှင်းပြပြီး ဦဒယ်နီယယ်
Gulf ကို သင်ပေးလိုက်တယ် . 

" ဒေါ်စန္ဒာ ခဏ  ဝင်ခဲ့ပါအုန်း "

အစားအသောက်နဲ့ ပတ်သက်ပြီး Gulf ကို သင်ပေးပြီးတာနဲ့ ဝတ်စားဆင်ယင်မှု့ကိုတော့
ဟိုတယ်မှာ  ဒီဇိုင်းတာဝန်ကို ယူထားတဲ့ တာဝန်ရှိသူကို ဦးဒယ်နီယယ် တာဝန်ပေးလိုက်တယ်

" သူ့ကို ညစာစားပွဲနဲ့ လိုက်ဖက်တဲ့
အဝတ်အစားပြင်ဆင်ပေးလိုက်ပါ "

" ဟုတ်ကဲ့ မန်နေဂျာကြီး  လာကောင်လေး "

Gulf သူ့လက်ကိုဆွဲခေါ်သွားတဲ့နောက်ကို
ပါသွားရပြန်တော့တယ် ..

မနက်ထဲက ဟိုတယ်က ထွက်သွားပြီး
ညနေမှပဲ MEW ဟိုတယ်ကို ပြန်ရောက်
တော့တယ် ..

ညနေကိုလည်း သူ့အလုပ်အတွက်
လုပ်ငန်းရှင်တယောက်နဲ့ စားရင်းသောက်ရင်း
စကားပြော ကြရအုန်းမယ် ..  

ဟိုတယ်ထဲ ဝင်လာပြီး MEW ဧည့်ကြို
ကောင်တာဘက် လျှောက်သွားလိုက်တယ် .

" အခန်းနံပါတ် 95...  "

" ဟုတ်ကဲ့ လူကြီးမင်း သော့  ယူသွားပါပြီရှင့်

" အော် ဟုတ်လား thank you .. "

ဟိုတယ်ရဲ့ lobby ထဲ Gulf ကို 
MEW လိုက်ကြည့်ရှာ လိုက်မိတယ် ..

အောက်ထပ်မှာလည်း မတွေ့ပါလား  ..

အပေါ်ထပ်မှာများလား ..

" Hello Mr.mew "

ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေတုန်း
ခေါ်လိုက်သံကြောင့် MEW လှည့်ကြည့်
လိုက်တယ် ..

ညဉ့်ငှက်Where stories live. Discover now