ညဉ့်ငှက် (အပိုင်း၃)

Zacznij od początku
                                    

သူ့ အဆင့်အတန်းနဲ့ဆို သူ့ကို
လိုက်လျောချင်တဲ့အမျိုးသမီးတွေ
အနားမှာ ဝန်းရံ နေတာ ..
ဘာလို့များ ယောက်ျားလေးကို
ခေါ်လာရတာလဲ

ဟာ ! တော်ပြီ ငါ့အလုပ် မဟုတ်ဘူး ..
ငါ့ အလုပ်က သူပြောတာကိုတာဝန်ကျေ‌အောင်လုပ်ပေးရမှာ ..

ဦးဒယ်နီယယ် တွေးနေတုန်းမှာပဲ မနက်က
သူတွေ့လိုက်တဲ့ ကောင်လေး ဟိုတယ်ထဲ
ပြန်ဝင်လာတာ  သူ တွေ့လိုက်ရတယ်  ..

" Hi ကျတော် ဒယ်နီယယ်ပါ "

" ဒီက ဧည့်သည်ရဲ့ နာမည်က Gulf နော် "

ဟိုတယ်ထဲ ရောက်တာနဲ့  ကောင်တာမှာ
Gulfအခန်းသော့ယူနေတုန်း 
လူကြီးတယောက် သူ့ကို လာမေးပြီး  နှုတ်ဆက်လိုက်တာကြောင့်
Gulf ကြောင်အအနဲ့ ပြန်ပြီး နှုတ်ဆက်
ပြုံးပြလိုက်တယ် ..

" ကျတော်က ဒီဟိုတယ်ရဲ့ မန်နေဂျာချုပ်ပါ ..
Mr.mew  က ကျတော့်ကို မှာထားလို့ပါ .. "

" ခင်ဗျာ !  MEW  "

ဦးဒယ်နီယယ်ကို Gulf မျက်လုံးအဝိုင်းသားနဲ့
ငေး ကြည့် နေမိတယ် ..

ဟိုတယ်ရဲ့ မျက်နှာစာကြီးမှာ ဖြစ်နေတော့
Gulf ကို ဦးဒယ်နီယယ်  သူ့ ရုံးခန်းထဲ
ခေါ်လာလိုက်တယ် ..

" Mr. Mew က . .... ....အဲလိုပြောထားလို့ပါ"

သူ့ရှေ့က ထိုင်ခုံမှာ ခြေထောက်ချိတ်ထိုင်ပြီး
သူ ပြောတာကို  နားထောင်နေတဲ့ Gulf ဆိုတဲ့
ကောင်လေးကို ဦဒယ်နီယယ် အကဲခပ်
လိုက်မိတယ်  ..

အကျီကလည်း ကသီးကရွဲ 
ဘောင်းဘီကလည်းတမင်ပဲ ဖြဲထားသလား
မသိ စုတ်ပြတ်နေတာ မြင်လို့မကောင်း ..
ခေါင်းကလည်း စုတ်ဖွား နားကွင်းနှစ်ဘက်က
တပ်ထားသေးတယ် .
ပြီးတော့ လက်ကလက်သဲမှာလည်း
အမဲရောင်ကဆိုးထားသေး ..

ဟူးး
တကယ့်ကို ပြင်ရဆင်ရမှာတွေ အများကြီး

" မင်း နာမည် Gulf နော် ..
မင်းတစ်ကိုယ်လုံး အရေခွံလဲပစ်ရမယ် ..
ဆံပင်လည်း ပြင်ရမယ် အဝတ်အစားတွေလည်းပြောင်းရမယ် . 
ပြီးတော့ နားက ကွင်းတွေ အဲဒါလည်း
ဖြုတ်ရမယ် ..
ပြီးတော့ မင်း လက်သဲအမဲတွေ အဲဒါလည်း
ဖျက်ပစ်ရမယ် ..  "

ညဉ့်ငှက်Opowieści tętniące życiem. Odkryj je teraz