Chapter 52 (Zawgyi)

Start from the beginning
                                    

" ကျွန်တော့် ဖင်နဲ့ပဲ ဖြစ်ဖြစ် အကြွေးဆပ်ဖို့ ငွေရှာပြီး ခင်ဗျား အရမ်းကြိုက်တဲ့ ပိုက်ဆံတွေအကုန်လုံး ပေးပြီး ခင်ဗျားကို အကြွေးဆပ်မယ်... ဟုတ်ပြီလား... "

ထို့နောက်တွင် ကျွန်တော် တစ်ဖက်သို့ လှည့်လိုက်လေသည် ။

ထို့နောက်တွင် ကျွန်တော် တစ်ဖက်သို့ လှည့်လိုက်လေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" တကယ်လား... "
ချန်းကောဆီမှ အေးစက်စက် အသံ ထွက်လာလေသည် ။

ချန်းကောက ဂျွန်နီ့ကို မထီတရီ ကြည့်ရင်း ပြုံးလိုက်သည် ။
ထို့နောက်တွင် ဂျွန်နီ့လက်ထဲမှ အခန်းသော့ကို လှမ်းဆွဲယူလိုက်လေသည် ။

" စိတ်တော့ မကောင်းဘူး... ဒါပေမယ့် ဒီတစ်ယောက်ကတော့ သူ့အခန်းသော့ ငါ့ကို ပေးရတော့မယ် ထင်တယ်... "

" အာ... "
ခုနက ချန်းကောကို စတွေ့ကတည်းက မျက်နှာပျက်နေသော ဂျွန်နီက သော့ကို ဆွဲယူခံလိုက်ရသောကြောင့် အာမေဋိတ်သံ ပြုလိုက်လေသည် ။

" ခင်ဗျား ဒီမှာ လာမရှုပ်နဲ့... "
ကျွန်တော် ချန်းကောကို အော်ထည့်လိုက်သည် ။

" မင်းက အိမ်ထောင်သည် တစ်ယောက်နဲ့ ဖြစ်ချင်လိမ့်မယ်လို့ ငါတော့ မထင်ပါဘူး... "
ချန်းကောက ကျွန်တော့်ကို မထိတထိ ပြုံးပြီး ပြောသည် ။

" ခင်ဗျားက အတော်လေး ချမ်းသာတဲ့ပုံပဲ... တရုတ်တန်းမှာ ရှိတဲ့ ဈေးအကြီးဆုံး စားသောက်ဆိုင်ကိုတောင် ခင်ဗျား မင်္ဂလာဆောင် အတွက် ငှားနိုင်ခဲ့သေးတာပဲ... "
ချန်းကောက ဂျွန်နီ့အနားသို့ တိုးကပ်၍ ပြောလေသည် ။

" ခင်ဗျားမိန်းမသာ ခင်ဗျား အမျိုးသား ပြည့်တန်ဆာ တစ်ယောက်နဲ့ ပျော်ပါး နေတဲ့အကြောင်း သိသွားရင် ဘယ်လို ဖြစ်မလဲ ကျွန်တော် သိချင်လိုက်တာ... "
ချန်းကော စကားကြောင့် ကျွန်တော် ဒေါသထွက်ပြီး လက်သီးကို ဆုပ်ထားလိုက်ရသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now