Escape

138 11 2
                                    

မောင်တဲ့ရင်ထဲကသိပ်လှတဲ့နာမ်စားတစ်ခုကိုယ်ကိုယ်တိုင်တောင်မသိပါဘဲ ရင်တွင်းကဖြစ်ပေါ်နေတဲ့နာမ်စားလေးပါ မောင့်ကိုသိပ်ချစ် ဒါပေမဲ့ မောင့်ကိုချစ်ခွင့်မရှိဘူး အဝေးကနေငေးနေရုံဘဲ မောင်ဆိုတဲ့လူသ သိပ်တဇွတ်ထိုးဆန် တကိုယ်ကောင်းဆန်တယ် မောင့်ကိုကျွန်တော်ဘယ်အရွယ်ကစ သိခဲ့လဲဆ်ုတော့ မောင်၁၇နှစ်သားအရွယ်တုန်းကပေါ့ ကလေးဆိုပေမဲ့ တည်ကြည်တဲ့မျက်ဝန်း ဖြောင့်စင်းတဲ့နှာတံ ထူထဲတဲမျက်ခုံးမွှေးနဲ့မောင်ဟာ သိပ်က်ုကြည့်ကောင်းတယ် ကိုယ့်အိမ်ကိုသူ့မိဘတွေကအလည်လာခဲ့တုန်းကပေါ့မောင်ကအေးစက်တယ် စကားသိပ်မပြောဘူး ငါကတော့မောင့်ကိုငေးနေမိတယ် အဲ့နောက်ကစပြီးမောင့်နောက်ကိုတကောက်ကောက်လိုက်ခဲ့တယ် ဒါပေမဲ့အဲ့တာကိုမောင်ကမသိဘူး ငါ့အသက်၂၂အရွယ်က ၁၇နှစ်အရွယ်ကောင်လေးနောက်ကိုလိုက်နေရတယ်ဆိုတော့ နဲနဲတော့ရယ်စရာကောင်းတယ် ငါ့မှာကင်မရာလေးတစ်လုံးနဲ့မောင့်နောက်ချောင်းပေါက်မတတ်လိုက်ခဲ့တယ် မောင်နေတဲ့ကျောင်းမောင့်အိမ် မောင်သွားလေ့ရှိတဲ့နေရာတွေငါအကုန်သိနေပြီ ငါ့ကင်မရာလေးထဲမှာလဲ မောင့်ရဲ့ပုံတွေချည်းဘဲ ဒီလိုနဲ့မောင့်နောက်လိုက်ခဲ့တာသုံးလပြည့်ပြီ မောင်ကတော့ငါ့ကိုသတိမထားမိခဲ့ဘူး မောင့်အကြောင်းပြောနေတာခနနားရဦးမယ် ဘယ်သူမှစိတ်မဝင်စားတဲ့ ငါ့အကြောင်းလေးပြောပြရ ဦးမယ်
ငါ့နာမည်က ခန်းဆောင်နီတဲ့  တော်တော်တုံးတဲ့နာမည်  ငါကိုဂရုစိုက်မဲ့လူမရှိဘူး ဒါပေမဲ့ငါအဆင်ပြေပါတယ်ငယ်ငယ်ကတည်းက ဂရုစိုက်ခံရမှုတွေမှမရှိခဲ့ဘဲ နေသားကျနေပြီ ငါ့မှာညီမလေးတစ်ယောက်ရှ်တယ် မောင်နဲ့ရွယ်တူလောက်ဘဲ ငါ့ညီမလေးကိုသိပ်ချစ်တယ် ဒါပေမဲ့မုန်းလဲမုန်းတယ် ငါ့ဆီကနေအရာအားလုံးလုယူသွားခဲ့လို့ ငါ့အကြောင်းကဒါအကုန်ဘဲ မောင့်အကြောင်းလေးဆက်ရအောင်    ငါဆီမှာမောင့်ရဲ့ပုံလေးတွေထောင်ချီနေပြီ မောင်မသိအောင်ရိုက်ထားတဲ့ပုံလေးတွေပေါ့ ငါ့မှာသူငယ်ချင်းမရှိဘူး မောင့်မှာသူငယ်ချင်းတွေများတယ်  ငါ့မှာမိဘရဲ့ဂရုစိုက်မှုတွေတွေမရှိဘူး ဒါပေမဲ့မောင့်မှာ သူ့ကိုသိပ်ချစ်တဲ့မိဘတွေရှိတယ် ငါနဲ့မောက်ကအဲ့သလိုကွားခြားမှုလေးတွေတော့ရှိတယ် မောက့်ရဲ့ပူံလေးတွေကိုAlbumလုပ်ထားတယ် တော်တောများများကတော့ မောင့်ရဲ့နောက်ကျောပုံတွေပါ ငါမောင့်ဆီကိုနေ့တိုင်းနှင်းဆီတသိပွင့်ပို့ပေးတယ် Kဆိုတဲ့postcardလေးနဲ့ပေါ့ ဘာလိုလိုနဲ့မောင့်နောက်လိုက်နေခဲ့တာ၁နှစ်ပြည့်ပြီ မောင်ငါ့ကိုသတိမထားမိခဲ့ဘူး ပြီးတော့ ဒီနေ့ကျွန်တော်အရမ်းပျော်တယ် သိပ်ချစ်ပြီး မုန်းရတဲ့ညီမလေးနိုင်ငံခြားကနေပြန်လာပြီလေ ဒါပေမဲ့လေဆိပ်ကိုသွားမကြိုခဲ့ဘူး ငါမုန်းလို့ ငါ့မိဘတွေကတော့သူတို့အသဲကျော်လေးဆိုတော့သွားကြတာပေါ့ ညီမလေးရောက်လာတော့ ငါ့မှာရနေတဲ့အနည်းကျဉ်းဂရုစိုက်ခံရမှုတေပျောက်ကွယ်သွားပြီ မေမေတောင်ငါ့ကိုဂရုမစိုက်တော့ဘူး
6.6.2019 အဲ့နေ့ ကျွန်တော်ချစ်နေတဲ့လူသားကိုဆုံးရှုံးရဖို့အစပြုတဲ့နေ့ အဲ့နေကညီမလေးကအခန်းထဲဝင်ချင်ပါတယ်ဆိုလို့ပေးဝင်ခဲ့တယ်  ညီမလေးကိုအခန်းထဲကြည့်ခိုင်းပြီးငါမောင့်ကိုဆုံးရှဒ့းရမယ်မှန်းသိပေးမဝင်ခဲ့ဘူး ထားပါ နောက်တော့ညီမလေးကအခန်းထဲကိုခနခနလာတယ် ငါမတွေးတတ်ခဲ့ဘူးငါ့ကိုငယ်ငယ်ကတည်းကမခင်တွယ်ခဲ့တဲ့သူကဘာလို့ခနခနလာနေလဲဆိုတာ နောက်သိရတာက သူကမောင်ကြိုက်တဲ့နေရာ မောင့်အိမ် မောင့်သူငယ်ချင်းတွေကိုရသိအောင့် ငါ့ရဲ့Albumလေးကို သူလာကြည့်​​ေနခဲ့တာ နောက်တော့သူက မောင့်သွားလေ့ရှိတဲ့coffeeဆိုင်ကိုသွားတယ် မောင်နဲ့တွေ့ရအောင်ပေါ့ သူကခေတ်မီတဲ့မိန်းကလေးဆိုတော့ ယောက်ျားလေးတွေမျက်လုံးထဲမှာလုံးဝအပျံစားလေ မောင်ကသတိမထားမိဘဲနေရိုးလား မောင်လဲပုရိသတစ်ယောက်ဘဲကို နောက်ပိုင်းမောင်နဲ့သူနဲ့တဖြည်းဖြည်းရင်းနှိိီးလာကြတယ်ထင် ခနခနတွဲသွားတွဲလာနဲ့ ဒါပေမဲ့ငါမောင့်နောက်ကိုတော့အလိုက်မပျက်ခဲ့ဘူး နောက်ပိုင်းမောင့်ရဲ့ပုံတွေထဲမှာလူတစ်ယောက်ပိုလာတယ် သိပ်ချစ်ရပါတဲ့ညီမလေးပေါ့ တစ်နေ့ မောင်တို့နောက်လိုက်ရင်းညီမလေးနဲ့ဆုံမိတယ် ညီမလေးမျက်နှာကထူးထူးခြားခြားတင်းမာနေတယ်ပေါ့ ငါမသိတတ်ခဲ့ဘူး ဘာဖြစ်လဲဆိုတာ ညီမလေးက ငါ့လက်ထဲက ကင်မရာကိုတောင်းတယ် ပုံတွေပြန်ဖျက်ပေးတဲ့ သူနဲ့မောင်နဲ့ကချစ်သူတွေဖြစ်နေပြီတဲ့ သူမကြိုက်ဘူးတဲ့ ကျွန်တော်အံသြသွားခဲ့တယ် ချစ်သူတွေတဲ့ မြန်လိုက်တာ တပြိုင်တည်းငါဝမ်းနည်းမိတယ်မောင့်ကိုငါမရတော့ဘူးလား အဲ့မှာညီမလေးနဲ့အချေအတင်ဖြသ်ကြတော့ မောင်ရောက်လာတယ် ဘာဖြသ်တာလဲပေါ့တဲ့ ငါမထင်ထားတဲ့ဖြသ်ရပ်တစ်ခုဖြစ်သွားတယ် ကိုယ့်ညီမက ကိုယ့်ကိုသူစိမ်းတစ်ယောက်တဲ့ သူ့ကိုပုံလိုက်ရိုက်နေတာ သူသိလို့ သူ့ပုံတွေဖျက်ခိုင်းနေတာကိုဖျက်မပေးဘူးတဲ့ မုန်းဖို့ကောင်းတဲ့ညီမလေးရယ်ပါ ငါကမောင့်ပုံရိုက်နေတာကိုသူ့ပုံရိုက်နေပါတယ်ဆိုပြီးညာတယ်လေ မောင့်မျက်နှာကတော်တော်ဒေါသထွက်နေတယ်ထင်တယ် မောင်ရယ်သူ့ကိုသိပ်ချစ်တာထင်တယ်  သူ့ချစ်သူပုံကိုလိုက်ရိုက်​​နေတယ်ဆိုပြီး ကိုယ့်ကင်မရာကိုရိုက်ခွဲပြီး ငါ့ကိုထိုးကြိတ်နေခဲ့တာ ငါပြန်ခုခံလို့ရပေမဲ့ငါမလုပ်ခဲ့ဘူးသိပ်ချစ်တဲ့မောင်နာကျင်သွားမှာဆိုးလို့ နောက်မောင်ကပြောသေးတယ် ဘယ်တော့မှသူ့ရှေ့ကိုပေါ်မလာပါနဲ့တဲ့တွေ့ရင်အသေဘဲတဲ့ ငါနာကျင်လိုက်တာသိပ်ချစ်ရတဲ့မောင်က ငါ့ကိုအသေ သတ်မယ်ပြောနေတာ  ရတယ်ငါမောင့်ရှေ့ကိုမသွားတော့ဘူး ငါအဆင်ပြေအောင်နေမယ် ဒါပေမဲ့ မောင့်အကြောင်ူတော့စုံစမ်းခွင့်ရှိတယ်မလား မောင်နဲ့ကိုယ့်ညီမလေးကချသ်သူတွေဖြစ်နေကြတဲ့အကြောင်းရယ် မိဘတွေကသဘောတူတဲ့အကြောင်းရယ် နောက်လဆိုမဂ်လာဆောင်တော့မဲ့အကြောင်းရယ် ငါသိရတယ် ငါမောင့်ကိုလက်လွှတ်ရတော့မှာပေါ့ ငါရင်တွေနာလိုက်တာ ဒါပေမဲ့ငါဘာတတ်နိုင်မှာတဲ့လဲ ငါ့ကိုကတစ်ယောက်တည်းနေရဖို့ကံပါလာတာထင်တယ်တဖြည်းဖြည်းနဲ့ မောင်နဲ့ကိုယ့်ညီမလေးနဲ့မဂ်လာပွဲနီးလာခဲ့ပြီ ငါမဂ်လာလက်ဖွဲ့ကိုအကောင်းဆုံးပြင်ဆင်ထားတယ်
မဂ်လာပွဲနေ့..........
ငါအဖြူရောင်Suitကိုဝတ်ဆင်သွားခဲ့တယ် ဒီနေ့မှာမောင်ဘာအရောင်ဝတ်နေမလဲငါအတပ်သိတယ်မောင်က သူအကြိုက်ဆုံး မိုးပြာရောင် သတို့သားဝတ်စုံနဲ့ ဒါငါမြင်ချင်တဲ့ငါ့ရဲ့အနာဂတ်သတို့သားမောင်ပါ ဒါပေမဲ့ အခုကတော့ငါမပိုင်တိုင်ရမဲ့မောင့်ရဲ့သတို့သားပုံစံပေါ့ ငါအခုအဆင်သင့်ဖြစ်နေပြီ ငါနောက်ဆုံးမောင့်ကိုခနတော့တွေ့ချင်သေးတယ် ငါလာနေတာတွေ့တော့မောင်က မျက်မှောင်ကြုံ့ပြီးအလိုမကျတဲ့ပုံနဲ့ ငါမောင့်အနားသွားပြီး ငါ့ကို၅မိနစ်လောက်အချိန်ပေးနိုင်မလားပြောတောမောင်ကငါ့ကိုToiletထဲခေါ်သွားပြီး ငါ့ကိုငါးမိနစ်ပေးပါတယ် ဒါပေမဲ့ညင်သာတဲ့၅မိနစ်မဟုတ်ဘူး သူ့ရှေ့ကိုထပ်ပေါ်လာလို့တဲ့ ငါ့ကိုအချက်ပေါင်းများစွာထိုကြိတ်နေခဲ့တာ ငါနာကျင်ပေမဲ့ငါအဆင်ပြေပါတယ်နောက်ဆုံးမောင့်ကိုမြင်ခွင့်ရခဲ့တယ်လေ မောင်ဒေါသထွက်အားရအောင်ထိုးကြိတ်ပြီးတော့ပြန်ထွက်သွားခဲ့တယ် မသွားခင်ပြောခဲ့သေးတယ် ခင်ဗျားလိုလူက မရှိသင့်တဲ့လူတဲ့ ကျွန်တော့်​ကောင်မလေးကိုဘယ် ချိန်ထိနှောင့်ယှက်နေမှာလဲတဲ့ သွား​ေသလိုက်တဲ့ မောင်မသိတာက ငါချစ်နေတာမင်းကိုပါမောင်ရဲ့ အခုပုံအရဆိုမောင်ကသူ့ကောင်မလေးကိုထိလို့ငါ့ကိုထိုးတာပေါ့ အကယ်၍သူ့ကိုသာချစ်နေတယ်ပြောရင် မောင်ကငါ့ကိုနေရာမှတင်အ​သေ သတ်မယ်ထင်တယ် ငါပွဲထဲကနေထွက်လာခဲ့တယ်မထွက်ခက်မောင့်မျက်နှာကိုသေချာကြည့်ခဲ့ပြီလုံလောက်ပါပြီ  ငါထွက်သွားဖို့ ၇ထပ်တိုက်ရဲ့အပေါ်ကနေ မြို့ပြညရဲ့အလှကိုခံစားရတာသိပ်လှတယ်မောင် လတ်ဆတ်တဲ့လေညင်းလေးကိုရှူရှိုက်ရတာငါသဘောကျတယ် ဒီတိုက်ရဲ့ခေါင်မိုးထပ်က ပန်းပင်လေးတွေရှိတယ်မောင်ရဲ့ ငါစိုက်ထားတာပါ မောင့်ကိုပေးဖို့နှ​​င်း ဆီတွေစိုက်တဲ့နေရာလေ ငါမောင့်ရဲ့ပုံတွေကိုအလွမ်းပြေကြည့်မိတယ် နောက်ဆုံးအကြိမ်ပေါ့ ငါမောင့်ကိုပေးတဲ့မဂ်လာလက်ဖွဲ့ကိုမောင်သဘောကျပါ့မလားလို့လဲတွေးမိတယ်  သိပ်တော့တန်ဖိုးမကြီးပါဘူးအဝါရောင်ကျူးလစ်ပန်းအပွင့်၁၅၀၀တည်းပါ ပုံးလေးနဲ့ပေါ့ ပုံးရဲ့အောက်ခြေမှာတော့မောင့်ရဲ့နောက်ကျောပုံတွေပါတဲ့Albumရယ်ငါ့ရဲ ဒိုင်ယာရီလေးရယ် ငါသိစေချင်တယ် မောင့်ကိုငါချစ်​ေနတဲ့အကြောင်း မောင့်ကိုသိပ်ချစ်တဲ့လူတစ်ယောက်ရှိတဲ့အကြောင်း ငါပြန်တွေးနေခဲ့တယ် ငါငယ်ငယ်ကတည်းကအရေးမပေးခံရဘူး ဂရုမစိုက်ခံရဘူး ကြီးလာတော့လဲငါ့ကိုဂရုစိုက်မဲ့သူငယ်ချင်းမရှိဘူး မောင့်ကိုပထမဆုံးခင်တွယ်ခဲ့ပေမဲ့မောင့်ကလဲငါ့ကိုလျစ်လျှူရှုပြီး ငါမဟုတ်တဲ့လူကိုချစ်နေခဲ့တယ် ငါ့ဘဝတစ်​လျှောက်လုံး ချစ်ပေးဂရုစိုက်ပေးမဲ့လူမရှိခဲ့ဘူးအထီးကျန်နေခဲ့တာ အဲ့လိုဘဝကြီးငါမလိုချင်ဘူးလွတ်မြောက်ချင်တယ် အရာအားလုံးကနေလွတ်မြောက်ချင်တယ် ငါ့ကိုဂရုမစိုက်တဲ့မိဘတွေဆီကနေ ငါ့ကိုမုန်းတီးနေတဲ့ညီမလေးဆီကနေ ငါ့နှလုံးသားကိုနာကျင်စေတဲ့မောင့်ဆီကနေ....................ငါလွတ်မြောက်ဖို့ကတော့လွယ်ပါတယ် ငါခေါင်မိုးထပ်ရဲ့အစွန်းမှာရပ်နေမိတယ်ငါလွတ်မြောက်ဖို့ပေါ့ တစ်ဘဝလုံးအထီးကျန်နေမဲ့အတူ လွတ်မြောက်ပြီးဘဝသစ်မှာပျော်အောင်နေတော့မယ် နှုတ်ဆက်ပါတယ်   .........လောကကြီးရေ

..

ရိုလာကိုစတာစီးရသလိုဘဲရင်ထဲမှာ............နောက်ဆုံးတော ငါလွတ်မြောက်ခဲ့ပြီ
I escaped from my parent's ignorance.
I escaped from my Hurt.
I escaped from my Heart breaking.
Good Bye. .....
#ပထမဆုံးရေးတာမို့ပါမကောင်းရင်လဲဝေဖန်ပေးကြ😁😁
#MinHtet🙂☺

One shortsWhere stories live. Discover now