ညဉ့်ငှက်( အပိုင်း၂ )

Start from the beginning
                                    

ဒီလို အိမ်လောက်နီးနီးရှိတဲ့ အခန်းတစ်ခန်းမှာ
တစ်ညကို ဘယ်လောက်တောင်များ
ပေးရမလဲ

MEW ဆိုတဲ့သူက နှယ်နှယ်ရရ
လုပ်ငန်းရှင်တော့မဟုတ်လောက်ဘူးလို့
Gulf ထင်လိုက်မိတယ် ..

" ခင်ဗျား ကျတော်ထက် အသက်ကြီးမယ်
ထင်လို့ P'MEW  လို့ ခေါ်မယ်နော် "

" ကိစ္စမရှိဘူး ရတယ် ခေါ်ပါ "

" ဒီအခန်းက တစ်ည အိပ်ရင်
ဘယ်လောက်ပေးရလဲ P'MEW "

" ဒီဟိုတယ်ရဲ့ အခန်းတွေက တစ်ညထဲ
နေလို့မရဘူးလေ  ..  ဒီမှာ တည်းခိုချင်ရင် အနည်းဆုံး ဆယ်ရက် တစ်လ ဘိုကင်ယူမှ ရတာ ."

" ခင်ဗျာ ! ဘယ်လိုကြီးလည်း "

" ဟိုတယ်ဆိုတာ ကိုယိ့စိတ်ကြိုက်
ကိုယ်နေချင်သလောက်ပဲ နေမှာပေါ့  "

" ဒီဟိုတယ်က တခြားဟိုတယ်တွေလို
မဟုတ်ဘူးလေ ..
သူက စီးပွားရေးလုပ်ငန်တွေ အတွက်ပဲ
အဓိကထားတဲ့ business  VIP ဟိုတယ်ပေါ့

စီးပွားရေးလုပ်ငန်းဆိုတာ တစ်ရက် နှစ်ရက်နဲ့
ဆုံးဖြတ်လို့ရတာမဟုတ်ဘူးလေ ..
ခေါင်းအေးအေးနဲ့ တွေးရတယ်..
စဉ်းစားရတယ်ဆုံးဖြတ်ရတယ် ..
တခြားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရတယ် အကြံဉာဏ်ယူရတယ် အတွေ့အကြုံ
ဖလှယ်ရတယ် ..
အဲဒါကြောင့် လာတဲ့လူတွေကိုလည်း
ကန့်သတ်ထားသလို ..
တည်းခိုတဲ့ ရက်ကိုလည်း ခုလိုသတ်မှတ်
ထားတာ "

" တင်းတောင် ! "

Gulf ကို ရှင်းပြနေတုန်း အခန်းတံခါးဘဲလ်သံ
ကြားတာနဲ့ နှစ်ယောက်သား လှည့်ကြည့်
လိုက်ကြတယ်..

" Room service  လာပြီထင်တယ် "

" နေနေ ကျတော် သွားဖွင့်ပေးလိုက်မယ်  "

သွက်သွက်လက်လက်နဲ့ ထ ပြေးသွားပြီး
တံခါး သွား ဖွင့်လိုက်တဲ့ Gulf ကို 
MEW ကြည့်နေမိတယ် .. 

ဒီကောင်လေး လှုပ်ရှားသမျှ ဘာလို့များ
သူ စိတ်ဝင်တစားနဲ့ သူ လိုက်ကြည့်မိမှန်း
MEW လည်း ကိုယ့်ဘာသာ နားမလည်တော့

" ကျေးဇူးပါ "

စားစရာတွန်းလှည်းကို  Gulf အခန်းထဲ
တွန်းဝင်လာခဲ့လိုက်တယ် ..

ညဉ့်ငှက်Where stories live. Discover now