For Unicode
လောကမှာ နာကျင်စရာ အကောင်းဆုံးလူတစ်မျိုးရှိတယ်။
အဲ့တာက မှားနေမှားသိပါရဲ့နဲ့ ကိုယ့်စိတ်ကိုယ်ညာပြီး ဇွတ်တိုးပြီးမိုက်တဲ့လူတွေပဲ။စိတ်ပျက်စရာကြီးလို့အစကထင်ခဲ့ပေမဲ့ တကယ်က နာကျင်စရာကြီး ဖြစ်နေခဲ့တာ။
ခြေလှမ်းတစ်လှမ်းတိုင်းက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်မဲ့ လူသတ်ကုန်းဆီသွားနေသလိုဆိုတာ သိပေမဲ့ ပျော်ပျော်ကြီး ဆက်လှမ်းနေတာမျိုးပေါ့။
ဆော့ဂျင်ကအဲ့လိုလူစားမျိုးပါပဲ။" ကျွန်တော် ဆိုးလ်မှာ ကျောင်းသွားတတ်တော့မယ် "
" ကြားပြီးသား သတင်းဖြစ်ပေမဲ့ ဆော့ဂျင်ရဲ့ ရင်ကို အရှိန်နဲ့လာဆောင့်ဆဲ...။
နမ်ဂျွန်းက သူ့ရှေ့က ကော်ဖီခွက်ကို ဇွန်းနဲ့မွှေနေရင်း အေးအေးဆေးဆေးပြောလာတာဖြစ်တယ်။ ရီဝေ၀မ်းနည်းမှုတွေကင်းစင်တဲ့ မျက်၀န်းညိုတွေက အိပ်မက်တွေအရောင်စုံလို့။
သူ၀မ်းသာရပါတယ်လေ။
"အင်း..ဆိုးဂန်ပြောတယ်"
ကော်ဖီဆိုင်ရဲ့ မှန်ပြတင်းမှာ နှင်းဒဏ်ကြောင့်ဝေဝါးနေတယ်။ ကလေးတစ်ချို့ လမ်းပေါ်မှာ နှင်းတွေနဲ့ ပစ်ပေါက်နေတာကို ကြည့်ရင်း ဆော့ဂျင် ဘာမှမဖြစ်သလို ပြုံးနေလိုက်တယ်။
" မောင် စိတ်ဆိုးနေတယ် "
ကော်ဖီကိုတစ်ငုံသောက်ရင်း နမ်ဂျွန်းက တည်တည်ငြိမ်ငြိမ်ဆိုသည်။
စိတ်ဆိုးတယ်?
အဲ့တာထက်ကို ပိုပါတယ်။
တကယ်တော့ စိတ်မကောင်းဖြစ်တာ၊ မခွဲချင်တာ၊ ပျော့ညံ့နေတဲ့ စိတ်ကို မုန်းတီးတာ အကုန်လုံးပါပဲ။သတိလက်လွတ်နဲ့ ကော်ဖီထဲ သကြားမထည့်ပဲ သောက်မိတဲ့အထိကို စိတ်အာရုံအကုန် ပြိုလဲနေတယ်ဆိုတာ ကောင်လေး မသိဘူးထင်ရဲ့။
" မောင် မင်းကိုစိတ်မဆိုးဘူး "
ပထမဆုံးအကြိမ် သူ့ကိုယ်သူ မောင် လို့ သုံးနှုန်းလိုက်တာကို သတိထားမိတဲ့နမ်ဂျွန်းက ပြုံးယောင်သမ်းနေတဲ့ မျက်၀န်းတွေနဲ့ စူးစိုက်ကြည့်နေတယ်။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။