အခန်း(၁)

ابدأ من البداية
                                    

"အိမ်း..ဒါဆို အဲ့တာက အဓိကပဲကိုး"

ဤစကားများသည် ဝမ်ရွှမ့်နားထဲသို့ မလွှဲသာ
မရှောင်သာ တိုးဝင်လာသည်နှင့်အမျှ မျက်နှာ
ကို ဘယ်ပြန်၊ညာပြန် အရိုက်ခံလိုက်ရသလိုပင်။

အသက်ရှူသွင်းပြီးနောက် စိတ်ရှုပ်ထွေးနေမှုများမှ သက်သာရာ ရသွားသယောင် ဖြစ်လာ
၏​။စိတ်အခြေအနေကို တည်ငြိမ်အောင် အ
ချိန်ယူပြီးမှ လော့ချင်းချွမ်ကို ခပ်မြန်မြန် ပွေ့
ဖက်လိုက်ပြီး

"ဆရာတူညီလေးလော့ အစ်ကိုတို့ချင်း မယှဥ်
ပြိုင်ဖြစ်တာ နှစ်အတော်တောင် ကြာခဲ့ပြီ။ထ
င်ထားတဲ့အတိုင်း ညီလေးလော့ရဲ့အရည်အ
ချင်းတွေက အတော် တိုးတက်လာခဲ့တာပဲ။အစ်ကို ကိုယ့်ကိုယ်ကို ရှက်မိပါတယ်။ဂိုဏ်းကြီး ၇ ဂိုဏ်း ယှဥ်ပြိုင်တိုက်ခိုက်ကြမယ့် လာမယ့် သုံးနှစ်မှာတော့ မင်းကိုပဲ အစ်ကို အား
ကိုးရတော့မှာပါပဲ"

စကားဆုံးသည်နှင့် ဝတ်ရုံလက်ကို ခါ၍ မြေ
ပြင်ပေါ်တွင် ငြိမ်သက်နေသော ဓားကျိုးကို ကောက်ယူပြီး စင်ပေါ်မှ ထွက်ခွာလိုက်၏။

အရှုံး....ဆိုတာရှုံးတာပါပဲလေ။

သူသည် ရှုံးနိမ့်ခြင်းနှင့် ပတ်သတ်ပြီး အရှုံးကို လက်မခံနိုင်သော လူစားမျိုးတော့ မဟုတ်။ပြောစရာပင် မလိုအောင် ဒါဟာ တံခွန်တိမ်
တိုက်ဂိုဏ်း၏ အတွင်းဆောင် တပည့်အချ
င်းချင်း ယှဥ်ပြိုင်ကြယုံသာ ရှိသေးသည်။ထိုမှတဆင့် ခေါင်းဆောင်ကို ဆုံးဖြတ်ပြီး ဂိုဏ်းကြီး ၇ ဂိုဏ်းတို့ ယှဥ်​ပြိုင်ကြမည့် တိုက်ပွဲတွင် ပါဝင်ရပေလိမ့်မည်။

အတွင်းဆောင်တပည့်ထဲမှာ ဆိုရင်တော့ ဆ
ရာတူညီလေးက အရည်အချင်း ပြည့်မှီတာမို့သူ့အတွက် ပျော်ပေးသင့်ပါတယ်လေ။

သို့သော် ဓားကျိုးကို သယ်၍ စင်ထောင့်စွန်း
အထိ ရောက်အောင် သူ လျှောက်လာခဲ့ပြီး ဖြ
စ်သော်လည်း လော့ချင်းချွမ်ကတော့ သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်ရန် စိတ်ကူးထားပုံမရ
ချေ။

ထိုလူငယ်၏ ကြည်လင်သော အသံက လေ
ထုကို ဖြတ်၍ နားထဲသို့ တိုးဝင်လာ၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]حيث تعيش القصص. اكتشف الآن