Unicode
ရှောင်းကျန့် သတင်းကြားတာနှင့် ရုံးကမိတ်ဆွေတွေနဲ့ ဆိုင်ကအသိတွေပါ ရောက်လာကြတယ်။ ဒေါ်လေးလီတို့မိသားစုလဲ လာကြည့်ပေးကြပါတယ်။ ဝမ်ရိပေါ်က တငိုငိုတရယ်ရယ်နှင့် ဘာမှမစားမသောက် ဘာမှလဲကျွေးလို့မရပေ။
"သား မင်းဒီလိုနေနေရင် ရှောင်းကျန့်လေးနိုးမလာခင် မင်းအရင် လဲသွားလိမ့်မယ်။ မင်းပြိုလဲလို့မဖြစ်ဘူးလေ ။ သူ့အတွက်မင်းရှိနေရဦးမှာ ။ နည်းနည်းစားလိုက်ပါနော် "
ဒေါ်လေးလီရဲ့ စကားကမှန်နေတာကြောင့် ဝမ်ရိပေါ်ကအားကိုတင်းလို့ အစားကို ပလုပ်ပလောင်းစားတော့တယ်။ ဒေါ်လေးလီက စိတ်မကောင်းစွာဖြင့် သူ့ပုခုံးကိုပုပ်ပေးရင်း ... နှစ်သိမ့်ပေးခဲ့တယ်။ ငရဲလိုပူလောင်ရတဲ့ရက်တွေပဲ ..ရှောင်းကျန့်က ပြန်သတိရလာတော့လည်း.....
အင်း ~~~ဟင်း
လက်လေးတွေ အနည်းငယ်လှုပ်လာပြီး ညည်းသံတချို့ကြောင့် ရိပေါ်ရဲ့ငိုက်နေတဲ့ မျက်ဝန်းက ပြူးကျယ်သွားတယ်
"ရှောင်းကျန့် ! မင်းသတိရပြီလား
ဆရာမ...လာကြည့်ပါဦး သူသတိရနေပြီ "
သူနာပြုမတစ်ယောက်က ရှောင်းကျန့်ကိုပြေးလာလို့စမ်းသပ်ပြီး ဆရာဝန်ကိုအမြန်သွားခေါ်ပါတယ်။ ရှောင်းကျန့်က မျက်လုံးတွေပွင့်လာခဲ့ပြီး ထထိုင်ဖို့ကြိုးစားနေတယ်...
"ရိပေါ် ..ရိပေါ်လား ..မင်းရှိနေတယ်မလား "
"ငါရှိတယ်လေ ငါမင်းရှေ့မှာလေကွာ ..."
လက်နှစ်စုံက အပြန်အလှန် ဆုပ်ကိုင်မိတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်တယ်။ သူ့အကြည့်က သေနေပြီး ..သူ့လက်ကိုဆုပ်ထားတဲ့ လက်ချောင်းလေးတွေက ပိုတင်းကြပ်သွားတယ်
"ရိပေါ် ..ညရောက်နေတာလားဟင် အရမ်းမှောင်နေတယ် ။ ငါ ဘာမှမမြင်ရဘူး လုပ်ပါဦး။ငါ... ငါမင်းကိုမမြင်ရတော့ဘူး "
ရှောင်းကျန့်က သူ့ကို အလန့်တကြားဖက်တွယ်လာခဲ့တယ်။ ဒီအချိန်မှာပဲ ဆရာဝန်ကြီးရောက်လာကာ စမ်းသပ်ပါတယ်။
"သူ့ရဲ့အမြင်အာရုံ ဆုံးံရှူးသွားပြီ ...
အာရုံကြောထိခိုက်မှု့လား၊ မျက်စိအတွင်းထိခိုက်မှု့လားဆိုတာ ပြန်စစ်ဆေးကြည့်ရအုမ်းမယ် "
YOU ARE READING
I can't live without "Wang'' (Completed)
FanfictionStart Date -8.8.2021 End Date - 1.9.2021 #yizhan
