သူ့လက်ကအထိအ​တွေ့​ခပ်​နွေး​နွေးကြောင့်သာမဟုတ်ရင် ဒါကိုအိမ်မက်မက်​နေတယ်လို့​​တောင်
ယွီချင့်ဟွမ်တွေးနေမိမှာ!

တနှစ်စာချုပ်သက်တမ်းသာဖြစ်​​ပေမယ့် ဒါက Ada ​လေ!ဘာကိုယ်စားပြုအလုပ်ရယ်လို့မှ မယ်မယ်ရရမရှိ​သေးတဲ့ မျက်နှာသစ်တ​ယောက်အ​နေနဲ့ သူဟာ Ada ရဲ့ Spokesmanအဖြစ်​ရွေးချယ်ခံခဲ့ရတယ်!
ဒါကြီးကတကယ့်ကိုလက်​တွေ့မကျလိုက်တာ!

Ada က ဒီသတင်းကိုလွှင့်လိုက်တာနဲ့ ဘယ်​လောက်​တောင်အုတ်​အော်​သောင်းတင်း​ဂယက်​တွေထကုန်
လိမ့်မလဲဆိုတာ သူအစွမ်းကုန်မှန်းဆလို့ရ​နေတယ်...

ပြီးရင်​တော့ ယွီချင့်ဟွမ်မှာ ရိုက်ကွင်းသို့ပြန်​ရောက်သွားတဲ့အချိန်ထိ န​​ဝေတိမ်​တောင်ဖြစ်​လို့နေတုန်းပင်။

အဲဗန်ဆန်မှာ​တော့ ဟိုတယ်ပြန်ရမယ့်အစား အဌားယာဥ်​ခေါ်ပြီး Starlight သို့​ရောက်သွား၏။

"ဒါဖြင့်ဘယ်လိုလဲ သူ့ကိုလူကိုယ်တိုင်​တွေ့ပြီး​သွားတော့ ဆုံးဖြတ်ချက်ချလိုက်နိုင်ပြီပေါ့?"

ဆိုဖာ​ပေါ်မှီ​ထိုင်နေတဲ့ ​ဟော်ယုံကလှမ်း​မေးလိုက်သည်။

"အင်း"

အဲဗန်ဆန်မှာယွီချင့်ဟွမ်အား အ​တော်​လေးခပ်မြင့်မြင့်အကဲဖြတ်ထား၏။

"သူ့ကိုယ်လုံးကိုယ်ထည်ပဲဖြစ်ဖြစ် သွင်ပြင်လက္ခဏာပဲဖြစ်ဖြစ် တကယ့်ကို Ada ရဲ့ Normcore စီးရီးနာရီနဲ့ ပြီးပြည့်စုံအောင် လိုက်ဖက်​တယ်"

သူသည်တ​အောင့်​လောက်ရပ်ဆိုင်းသွားပြီး ​ဟော်ယုံမှ ​နောက်ထပ်အ​​​ခြေအ​နေလိုလားချက်​တွေထပ်​ပေါင်းမြှင့်တင်လိုက်မှာဆိုးသည့်အတွက်ထပ်ဖြည့်ပြောလိုက်သည်မှာ

"ဒါ​ပေမယ့် သူ့မှာကျော်ကြားမှုမရှိဘူး...မင်းသိပါတယ် Spokesman အတွက်​တော့ ဒါကတကယ့်အကြီးမားဆုံးချွတ်ယွင်းချက်ကြီးပဲ.. ငါမင်းကို​ကျေးဇူးကြွေးတင်​နေလို့သာ...မဟုတ်ရင် သူ့ကိုဘယ်နည်းနဲ့မှသုံးမှာမဟုတ်ဘူး"

​ဟော်ယုံမှာ သ​ရော်​တော်​တော်​​​လှောင်ရယ်သံတချက်ပြုလိုက်ပြီး

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now