"ဒေါက်......ဒေါက်...."

တံခါးခေါက်သံနှင့်အတူ အခန်းထဲ ဝင်လာသော မေမေ....ဘာများလဲ ဆိုသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်တော့ သက်ပြင်းဖွဖွချလာကာ

"အောက်ခဏ ဆင်းခဲ့ဦး......"

ပြောပြီးသည်နှင့် ချက်ချင်းလှည့်ထွက်ကာ အောက်ပြန်ဆင်းသွားလေသည်။မျက်နှာလည်း မကောင်းသောကြောင့် ကိစ္စတစ်ခုခုတော့ရှိရမည်မှန်း ရိပ်မိလိုက်မိပြီးသားပင်။

လှေကားထစ်တွေအတိုင်း ဆင်းလာခဲ့ပြီး အောက်ရောက်သည့်အခါ ဖေဖေမေမေတို့နဲ့အတူတူ ကိစ္စတစ်ခုခု ဆွေးနွေးတိုင်ပင်နေဟန် ရှိသော Min Yuri ကိုပါ တစ်ခါတည်းတွေ့လိုက်ရသည်။ သူ့ကို တွေ့သည်နှင့် ပြောလက်စ စကားများရပ်သွားကာ အပြစ်သားတစ်ယောက်ပမာ ဝိုင်းဝန်ကြည့်လာသော မျက်ဝန်းများ....ထိုမျက်ဝန်းတွေထဲတွင် အထင်သေးကဲရဲ့မှု၊ သနားမှု ၊ စက်ဆုပ်ရွံရှာမှုများကိုပါ တစ်စွန်းတစ်စ တွေ့မြင်နေရသည်မှာ ဧကန်မုချပင်....

"ထိုင်"

အေးစက်စက် အသံသည် ဖေဖေ့ ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ Min Yuri သည်လည်း ပြုံးစစဖြင့် သူ့ကို ကြည့်နေပြီး တစ်စုံတစ်ခုအပေါ်တွင် အကျေနပ်ကြီး ကျေနပ်နေသည့်ပုံပင်.....။ ခုံပေါ်ထိုင်လျှင် ထိုင်ခြင်းမှာပင် ဖေဖေ့ထံမှ ထပ်မံထွက်ပေါ်လာသော စကားသံကြောင့် Min Yuri ပြုံးရခြင်းရဲ့ အဓိပ်ပါယျကို နားလည်သွားရတော့သည်။

"ဒီ တစ်ပတ်ထဲ မင်း Yuri နဲ့ လက်ထပ်ရမယ် Taehyung "

"ဖေဖေ..."

"မင်းမှာ ငြင်းဆိုပိုင်ခွင့်မရှိဘူး အရာရာအဆင်သင့်လုပ်ထား"

သူ့ရဲ့ ဖြစ်တည်မှုကို သိရှိထားပါလျက်နှင့် ယခုကဲ့သို့ မိမိရဲ့ သဘောဆန္ဒကိုပါ မမေးမြန်းဘဲ
စီစဥ်မှုအပေါ် အမှန်တကယ်အံ့သြသင့်မိသည်။ သူ့သဘောကတော့ ရှင်းပါသည်...ဒီစီစဥ်ပေးမှုအပေါ် လုံးဝ လက်ခံဖို့ ဆန္ဒမရှိပါ။ တစ်ဦးတည်းသော သားဖြစ်သူက မျိုးဆက်အမွေကို ချန်ထားရစ်ဖို့ ဆန္ဒမရှိပဲ လိင်တူချစ်နေခြင်းအပေါ် သူ့မိဘတွေရဲ့ စိတ်ပျက်မှုကို နားလည်နိုင်ပါသော်လည်း
သူ့နှလုံးသားရဲ့ အလိုဆန္ဒကို ဒီတစ်ကြိမ်တွင်တော့ လိုက်လျောချင်သေးသည်။

FEARWhere stories live. Discover now