ညဉ့်ငှက် (အပိုင်း၁)

Start from the beginning
                                    

စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဘဝမှာ Gulf ကျောင်းဆက်တက်ဖို့ အခက်အခဲဖြစ်ခဲ့တယ်

" နင်ဝမ်းဖြည့်ပေးဖို့တောင် ငါ သေအောင်
အလုပ် လုပ်နေရတာ
ကျောင်းတက်ချင် ကိုယ့်ကျောင်းစရိတ်
ကိုယ်ရှာ "

ဒါ မိခင်တစ်ယောက်ရဲ့ ‌မေတ္တာလားလို့
Gulfကိုယ့်ကိုကိုယ် တွေးမိတယ် ..

မိခင်က သူ့အပေါ် မေတ္တာစိတ်နည်းလို့ပဲလားမသိGulf ကလည်း မိခင်အပေါ် သံယောဇဉ်နည်းခဲ့တော့တယ် ..

ဒီလိုနဲ့ Gulf ကိုယ့်ကျောင်းစရိတ်ကို ကိုယ်တိုင်ရှာဖွေခဲ့တော့တယ် ..
သူ့ရဲ့အတန်းပိုင် ဆရာမကလည်း Gulf ရဲ့ အခြေအနေကို သိပြီး ဂရုဏာသက်မိတာနဲ့
သူ ထောက်ပံ့နိုင်သလောက်ကို တဖက်ကနေ
ပံ့ပိုးကူညီပေးခဲ့တယ် ..

Gulf အလယ်တန်းအောင်ပြီး အထက်တန်း
တက်ခါနီ အချိန်မှာပဲ သူနဲ့ အသက်
သိပ်မကွာတဲ့ ဂျင်မီ ဆိုတဲ့ တယောက်နဲ့
ဒေါ်နှင်းဆီ အိမ်ထောင်ထပ်ပြီး ထူထောင်
ခဲ့တော့တယ် ..

ဂျင်မီဆိုတာ လူပျင်းလူဖျင်း ရုပ်ရည်လေး
ဗန်းပြပြီး အလုပ်ကို လက်ကြေားတင်းအောင်
လုပ်ချင်တဲ့သူမဟုတ် ..
အရက် ဆေး မိန်းမ အကုန် မလွတ်ကင်း
ဒီလိုလူမျိုးကို မနှင်းဆီ ဘာတွေ
သဘောကျပြီးယူခဲ့တယ်မသိတော့ ..

ဂျင်မီ အိမ်ပေါ်ရောက်လာတဲ့ နေ့ကစလို့
Gulf အနေအထိုင် ကျဉ်းကျုံခဲ့တော့တယ် ..

ဂျင်မီဟာ သိက္ခာမရှိ ယောက်ျားမိန်းမ မရွေး
ထိကပါးရိကပါး လုပ်ချင်တဲ့ တဏှာရူး ..

အထက်တန်းကျောင်းသားအရွယ်ဖြစ်လာတဲ့
Gulf ကိုလည်း မနှင်းဆီ မရှိရင် မရှိသလို
ပြီတီတီနဲ့ ကျောသပ် ခေါင်းပုတ် လုပ်လာ
ခဲ့တယ်

ဒါကို မနှင်းဆီ သိတော့ ဂျင်မီနဲ့
ခဏ ခဏ ရန်ဖြစ်
မနှင်းဆီက ဂျင်မီကို မနိုင်တော့
Gulf အပေါ်မဲနဲ့
ဘာဖြစ်ဖြစ် Gulf ဒီအိမ်ကနေ
ထွက်ပြေးချင်စိတ်ဖြစ်လာရတော့တယ် ..

အခုလည်း ဘာအကြောင်းနဲ့
ရန်ဖြစ်ကြမှန်း မသိ
မကြာခင် သူ့အမေရဲ့ ဆဲ ဆို ပြောသံတွေ က
Gulf နားထဲ ရောက်လာတော့မယ် ..

ညဉ့်ငှက်Where stories live. Discover now